Wednesday, September 5, 2012

၂၀၁၃ ခုနှစ်အတွက် ကရင်ဒုက္ခသည် စခန်း ကော်မတီ အပါအ၀င် ဒုက္ခသည်စခန်း အား လုံး ရွေးကောက်ပွဲ စနစ်ပြောင်းလဲ

ထိုင်းမြန်မာနယ်စပ်ရှိ ( KRC) ကရင်ဒုက္ခသည် စခန်း ကော်မတီ အပါအ၀င် ဒုက္ခသည်စခန်း အား
လုံးကို လာမည့် ၂၀၁၃ ခုနှစ်အတွက် ရွေးကောက်ပွဲ စနစ်ကို ပြောင်းလဲ လုပ်ဆောင်သွား မည်ဖြစ်
ကြောင်း ( KRC) အတွင်းရေးမှူး စောဂျော့ က ပြောပါတယ်။
ထိုရွေးကောက်ပွဲကို ခါတိုင်း
နှစ်တွေလို ရပ်ကွက်မှ စတင်
ကာရွေးချယ်တော့မှာမဟုတ်
ပဲ ( KRC) ကော်မတီက စ
တင်ပြီး ပြောင်လဲ ရွေးချယ်
မှာဖြစ်ကြောင်း သူက အခု
လိုပြောပါတယ်။

"ကျနော်တို့ဒီလို ဘာလို့
ပြောင်း တာလဲဆိုတော့ အ
ရင် ကပုံစံတွေက အခုအ
ခြေ အနေတွေနဲ့
မကိုက်တော့ဘူးလေး ဒီမိုကရေစီ နည်းကျကျ ဖြစ်အောင် လူတိုင်းက ကိုယ်ရဲ့ခေါင်းဆောင်ကို
လွတ်လွတ်လပ်လပ် ရွေးချယ်လို့ ရရမယ်လေ ဆိုတော့ ( KRC) ကော်မတီကို အရင်ရွေးမယ် ပြီး
ရင် အောက်ကို အဆင့်ဆင့် ဆင်းသွားမှပါ"

အဖွဲ့ ဝင် ၂၁ ဦးပါဝင်မဲ့ ရွေးကောက်ပွဲ ကော်မတီအဖွဲ့ကို( KEAB) ကရင်လူကြီး အကြံပေးအဖွဲ့  မှဦး
စီးကာ ရွေးချယ်ပေးမှာ ဖြစ်ပြီး ထိုအဖွဲ့ ကို( KRC) ရွေးကောက်ပွဲ ကော်မတီ ဟုခေါ်ဆို မည်ဖြစ်
ကြောင်း သူကဆက် ပြောသွားပါတယ်။

ယခုလို ရွေးကောက်ပွဲ စနစ်ကို ပြောင်လဲ လိုက်သော ကြောင့်  စခန်းအ တွင်းရှိ မဲ့ပေးမည့် သူများ
ရဲ့ စိတ်ပါဝင် စားမှု မည်မျှရှိ ကြောင်း ပြောရန်မှာ အလွန် စောသေးကြောင်း ထမ်းမဟေ ကရင်
ဒုက္ခသည် စခန်းမှ ရွေကောက်ပွဲ ကော်မတီအဖွဲဝင် တဦး ဖြစ်သူ စောအိုခလေး က အခုလိုပြော
ပါတယ်။

"ကျနော်ကတော့ အခြေအနေ ပေါ်မှာ မူတည်မယ် လို့တော့ ထင်တယ်လေ ဘာဖြစ်လို့လဲ ဆိုတော့
အခုဆို မဲပေးမဲ့ သူတွေကို ကွင်းဆင်းပြီး အသိပညာ ပေးတာ တွေလဲ ဘာမှ မလုပ်ရသေး ဘူးဆို
တော့ စိတ်ဝင်စားမှုရှိလား မရှိဘူးလားဆိုတာကို တော့ ကြိုမပြောနိင်သေးဘူုး”

လာမည့် ၂၀၁၃ ခုနှစ်တွက် ရွေးကောက်ပွဲ ၀င်မည့် သူများမှာ အနည်း ဆုံး အထက်တန်း အောင်
မြင် သူများ ဖြစ်ရမှာ ဖြစ်ပြီး ကရင်၊ မြန်မာ ဘာသာ စကား ကို အဓိကတတ် ထားသော သူများ နဲ့
အဂ်လိပ် ၊ထိုင်းတို့ ကို အသင့်အတင့် တတ်ထား သောသူ များလဲ ဖြစ်ရမည်ဟု သိရ ပါတယ်။

ရွေးကောက်ပွဲ စနစ် ကို လာမည့် နှစ်မှ စပြီး အဆင့်အားလုံးကို ၃ နှစ်တကြိမ်ပြုလုပ်သွားမှာ ဖြစ်
တယ်လို့ ( KRC) အတွင်း ရေးမှူး စောဂျော့ ကပြောပါတယ်။

ယခင်က ( KRC) ဗဟို အဆင့်တွင် ၃ နှစ် တကြိမ်နှင့် ဒုက္ခသည်စခန်း အဆင့်တွင် ၂ နှစ်တကြိမ်
ပြုလုပ်ခဲ့ ခြင်းဖြစ်တယ်လို့သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ