Wednesday, September 5, 2012

ကရင်ဒုက္ခသည် စခန်းအတွင်းမှ ကျောင်းသူကျောင်းသားများ ကနေဒါနိုင်ငံ မှာကျောင်းဆက်တက်ပို့အခွင့်အရေးရရှိ

ထိုင်း-မြန်မာနိုင်စပ် ဒုက္ခသည် စခန်းအတွင်းမှ (Post-Ten ) ၁၀ တန်းလွန် ကျောင်းအောင်မြင်သူ
များကနေဒါ နိင်ငံ တွင်ကျောင်းဆက် တက်ရန် WUSC ခေါင်ယူပို့အစီအစဉ် ထုပ်ပြန်စာမှာဖော်
ပြထားပါတယ်။
ကနေဒါနိင်ငံရှိ WUSC ကော
လိပ်ကျောင်း တက်ခွင့်ရသော
သူများမှာ စခန်းမှ Post-Ten
အောင်မြင် သူများနှင့် ယူအဲန်
ဓာတ်ပုံ ရှိသော သူများသာ
တက်ရောက်ခွင့်ရှိမှာ ဖြစ်
တယ်လို့ ကရင်ဒုက္ခသည်
စခန်း ပညာရေးကော် မတီအ
တွင်းရေးမှူး စောဒိုးဒိုမူးက
အခုလိုပြောပါတယ်။

"ဒီအစီ စဉ်ကို WUSC ကျောင်းနဲ့ အဲဒီ UNHCR, IOM အဖွဲ့ တွေ တွဲလုပ်ကြတာ လေပြီး တော့
သူတို့ တွေကို ယာယီ နိင်ငံကူး လက် မှတ်လေး ရအောင် လုပ်ပေး ကြတယ်၊ ဒါပေမယ့် ကျောင်း
တက် ခွင့်ရမဲ့သူ တွေက တော့ ယူအဲန် လက်မှတ် သေသေချာချာ ရှိမှ UNHCR ကနေဒါအစိုး နဲ့
WUSC ကျောင်းက IOM ကို အကြောင်းကြား ပေးတယ် သဘော ကတော့ နိင်ငံခြား ကိုသွားတာ
နဲ့ တူတူ ပဲပေါ့နော် "

ယဉ်ကျေးမှု ၊ဘာာသာစကား အခက်အခဲကြောင့် ဒုက္ခသည်စခန်း မှသွားသောသူများ တွင်အခက်
ခဲ အလွန်ရှိကြေင်း ထိုကျောင်းကို ၂၀၀၇ တွင်အောင်မြင်ခဲ့ သူ မော်သူမယ် (ကရင်နီ တိုင်းရင်းသူ)
က အခုလိုပြောပါတယ်။

"စစချင်း သူတို့တွေ မှာအခက်ခဲ ရှိတာက တော့ကနေဒါရဲ့ ယဉ်ကျေးမှူတွေ ပြီးတော့ကျောင်း ရဲ့
(system) အကြောင်းအရာ တွေကိုလဲ ကိုယ်က အသေးစိတ် နားမလည်သေး တာရယ် ဘာသာစ
ကားတွေ မှာလဲ ပြသနာတွေ ရှိတာပေါ့”

ကရင်ဒုက္ခသည် စခန်းမှ WUSC ကျောင်းသို့ တက်ရောက်သော သူများ မှာ ၇၀ ရာခိုင်နှုံးခန့်ရှိပြီး
ကျန်သူများမှာ ကရင်နီ၊ မွန် နှင့် နိင်ငံခြားသား များဖြစ် တယ်လို့ သူက ဆက်ပြောပါတယ်။

WUSC ကျောင်းမှ လက်ခံသေား ကျောင်းသား အများစုမှာ ထိုင်းနိင်ငံ(Thailand) ကင်ညာနိင်ငံ
(Kenya) မာလ၀ီး နိင်ငံ(Malawi) များဖြစ်ကြပြီး ထိုကျောင်းမှ အောင် မြင်သော ကရင်ဒုက္ခသည်
ကျောင်းသား ဦးရေ ၅၀ ခန့် ရှိပြီဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ