Sunday, September 9, 2012

လွိုင်ကော်မြို့တွင်ကျန်းမာရေး ဆိုင်ရာ ကော်မတီတရပ် ဖွဲ့စည်းခဲ့

ကရင်နီဒေသ (ကယားပြည်နယ်) အတွင်း လက်နက်ကိုင် အဖွဲ့ ခြောက်ဖွဲ့ လက်အောက်မှ ကျန်းမာရေးဌာနများပူးပေါင်းပြီး ကျန်းမာရေးဆိုင်ရာ ကော်မတီတရပ်ကို ဖွဲ့စည်းခဲ့တယ်လို့ ကော်မတီ ပြောရေးဆိုခွင့်ရှိသူ ခူဒယ်နီယာက ပြောပါတယ်။

အဓိကအားဖြင့် ပြည်သူလူထုအတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လုပ်ဆောင်သွား မှာဖြစ်ပြီး ပြည်သူ လူထုအတွက် ကျန်းမာရေးဆိုင် ရာအာမခံ ချက်ပေးနိင် ရန် ရည်ရွယ်ပြီးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည့် ကရင်နီ(ကယား) လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့၏ လက်အောက်ခံ ကျန်းမာရေးဌာန တို့က ကျန်းမာရေးမူဝါဒ ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တရပ်ကို ကယားပြည်နယ် လွိုင်ကော် မြို့တွင် ကျင်းပခဲ့ပြီး အခုကော်မတီကို ဖွဲ့စည်းခဲ့တာပါ။

ထိုဆွေးနွေးပွဲသို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနဲ့ ကရင်နီပြည်သူ လူထုများ အပါအဝင် စုစုပေါင်း လူဦးရေး ၅၀ ကျော် တက်ရောက်ကြသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ