လူဝင်မှုကြီးကြပ်ရေး (လ၀က)နှင့် Norwegian Refugee Council(NRC)တို့ ပူးပေါင်းပြီး မှတ်ပုံတင်(နိုင်ငံသား စိစစ်ရေးကတ်ပြား)များကို လှိုင်းဘွဲ့မြို့နယ် အတွင်းမှာ စက်တင်ဘာလ ၂ ရက် နေ့ တွင် အခမဲ့ ပြုလုပ်ပေးခဲ့ ကြောင်းသိရပါတယ်။ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်တာ(သဝေါတာ)ရွာရှိ ဘုန်းတော်ကြီး ကျောင်းတွင် ၎င်း ကျေးရွာ အုပ်စု အတွင်းရှိ လူထု ၃၀၀ကျော် အတွက် မှတ်ပုံ တင်များ ပြုလုပ်ပေးခဲ့ ပြီး မြန်မာနိုင်ငံ လူဝင် မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီး ဦးခင်ရီ ကိုယ်တိုင် လာရောက်ကြည့်ရှုခဲ့ ကြောင်း ကေအိုင်စီသတင်းအရ သိရပါတယ်။
ထိုဒေသရှိ ကွမ်တာ(သဝေါ်တာ)၊ ကွမ်တာကုန်း၊ ရှမ်းရွာ၊ ပန်းတိမ်ကုန်း၊ ကျွန်းကုန်း၊ ကမ်းပါးနီ၊ ကုန်းကလေး၊ ထီ့ဖိုးခီး၊ သဒိခိုကျေးရွာတို့မှ လူဦးရေ ၃၅၀ဦးကို မိုးပွင့်စီမံချက်(၃)အဖြစ် မှတ်ပုံ တင် ပြုလုပ်ပေးခြင်းလဲ ဖြစ်ပါတယ်။
မြ၀တီမြို့နယ်ရှိ ဖလူး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ထီးဝါ့ ပလောနှင့် ထီးလော်သိ ကျေးရွာများတွင် မှတ်ပုံတင် မရှိသေးသော ဒေသ ခံလူထုများ အတွက် ဆက်လက်လုပ်ဆောင်ပေး ရန် ရှိကြောင်းလဲ သိရပါတယ်။
No comments:
Post a Comment