ထိုင်းမြန်မာနယ် စပ် မယ်လ ကရင်းဒုက္ခသည် စခန်းတွင် ကားတိုက်မှုကြောင့် စခန်းတွင်းရှိ အမျိုး သမီး တဦးသေးဆုံးခဲ့ပါတယ်။
ယခုအပတ် ကြာသာပတေးနေ့ ၆ ရက်နေ့ ညနေ ၁ နာရီခွဲ ခန့်တွင် မယ်လဒု က္ခသည် စခန်းရှိ ဇုန်ဘီ (၃) တွင် နေထိုင်သူ နော်မဖွား( အသက် ၄၀) ဟာ ဂိုးမင်းကားဂိတ်မှာ ကားတိုက် ခံရပြီး သေဆုံးခဲ့ ပါတယ်။
သူမဟာ ကားတိုက်မိတဲ့ နေရာမှာပဲ သေသွားခဲ့ တယ်လို့ အဲဒီးကားတိုက်မှု ဖြစ်ပွား တဲ့နေရာကို ကိုယ်တိုင် သွားရောက်ကြည့်ခဲ့သူ ဘီ ၃ ရက်ကွက်မှူး စောမောင်ညိုက အခုလိုပြောပါတယ်။
“ကားတိုက်တဲ့ နေရာ ကတော့ အဲဒီ ဘီ၃ ဂိုးမင်းဂိတ် လို့ခေါ်တဲ့ (SMRU) ဂိတ်ထိပ် မနီးမဝေး ကိုက်သုံးဆယ်လောက် မှာပေါ့နော် အဲဒီမှာ လမ်းထိပ်လောက်မှာရှိတဲ့ လူတယောက် က (ကရောင်း )ဆိုတဲ့ အသံကို ကြားတော့ ပြေးပြီး သွားကြည့် တယ်လေ အဲဒီ အမျိုးသမီး ကတော့ ကားအောက် မှာပဲ ပွဲချင်းပြီး သေသွားတာပေါ့ နော် ဟု ”KSNG ကိုပြောပါတယ်။
စခန်းတွင်းရှိ ဆရာဝန်များ ကလာရောက် စစ်ဆေး ခဲ့ပြီး ထိုအမျိုး သမီး ရဲ့ မျက်နှာနဲ့ နှာခေါင်း၊ ရင်ဘတ် တွင် သွေးထွက် ကာကြေမွ သွားတယ်လို့ လဲသူက ဆက်ပြောပါတယ်။
တိုက်သွားတဲ့ကားဟာ ဦးခေါင်း အဖြူရောင် ဘော်ဒီကို သစ်သားနဲ့ လုပ်ထား တဲ့ ၆ ဘီးကား တစီး ဖြစ်ကြောင်း လဲသိရပါတယ်။
ဒီယာဉ်တိုက်မှု အတွက် စခန်းတွင်း တာဝန်ရှိသူ များနဲ့ ထိုင်းအာဏာပိုင် များလဲ လာရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း စောမောင်ညိုက ပြောပါတယ်။
သူက“ အခုချိန်မှာတော့ ထိုင်းအာဏာပိုင် တာဝန်ရှိသူတွေ ကလာပြီး စစ်ဆေးတာတို့ ဓာတ်ပုံ တွေ လာ ရိုက်ပြီး မှတ်တမ်းတွေ ယူသွားတာတို့တော့ ရှိတာပေါ့နော် ပြီးတော့ သူတို့ဘက်က ဆေးဆရာတွေ လဲ လာတယ် ကားသမားကိုတော့ ဘာလုပ်မလဲ တော ကျနော်တို့လဲ သေသေချာချာ မသိဘူး ဟု” ပြောပါတယ်။
သေဆုံးသွားသော နော်မဖွါးမှာ လက်ရှိတွင် ကျောင်းတက်နေသော ကလေး ၄ ယောက်နဲ့ ခင်ပွန်းသည်တို့ ကျန်ရစ်ခဲ့ကြောင်းလဲ သိရပါတယ်။
မယ်လ ကရင်ဒုက္ခသည် စခန်း ဟာ ကရင်ဒုက္ခသည် ၇ ခုရှိတဲ့ အနက် လူဦးရေ အများဆုံးနဲ့ အကြီးဆုံး သောစခန်းတခုလဲဖြစ်ပါတယ်။
No comments:
Post a Comment