Friday, September 14, 2012

မဲဆေက်မြို့ တနေရာမှာ ခလေးအခွင့် ရေနဲ့ဆိုင်တဲ သင်းတန်း တခုကို ကျင်းပပြီးစီး

စက်တင်ဘာ ၂၀၁၂နှစ် စောဖိုးထူး(KSNG)
ထိုင်းမြန်မာ နယ်စပ် မဲဆောက်မြို့ ၊ စက်တင်ဘာလ ၁၃ ရက်နေ့ တွင် လူ့အခွင့် အရေးဆိုင်ရာ ရက်တို သင်တန်း တခုကို (Burma ACT) ရုံးမှာ ၅ ရက်ကြာ ကျင်းပ ပြီးစီးခဲ့ ပါတယ်။

သင်တန်းရဲ့ အဓိက ရည်ရွယ် ချက်မှာ ကလေးများဆိုင်ရာ လူ့အခွင့် အရေး အချက်အ လက်များဖြစ်ပြီး သင်တန်း ဆင်းကျောင်း သူကျောင်း သားများမှာလဲ ဒုက္ခသည် စခန်း အပါ အ၀င် အခြာသော လူအခွင့်အရေး ချိုးဖောက်ခံ နေရာဒေသ သို့သွားရောက် ပညာပေးရန် ရှိကြောင်း သိရပါတယ်။

သင်တန်းဆင်း ကျောင်းသူကျောင်းသား များအနေနဲ့ စခန်းအတွင်း ရှိ ကလေးများ အပါအ၀င် ရွှေ့ ပြောင်းအလုပ် သမားများအား ကလေးအခွင့်အ ရေးဆိုင်ရာ ပညာပေးမှု များကို တဆင့် ပြန်ပေး နိုင် ရန်ရည်ရွယ်ကြောင်း သင်တန်းတာဝန်ရှိသူ ဆရာမ မကြည်ဖြူက အခုလိုပြော ပါတယ်။

သူက “ဒီ child right နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို ဒုက္ခသည်မှာရှိ တဲ့ခလေးတွေနဲ့ ရွှေ့ပြောင်းအလုပ် သမားခလေးတွေ ရဲ့ကြားကနေ တဆင့် သင်တန်းသားတွေက ပြန်ပြီး ပညာ ပေးနိုင် အောင်ရယ် ပေါ့နော် အဓိကရည် ရွယ်ချက်ကတော့ ဒီ child right ကို ခလေးတွေပိုပြီး သိနား လည်အောင် ရည်ရွယ်တယ် ဟု”သူက ပြောပါတယ်။

ကလေး အခွင့်အရေနဲ့ ပတ်သတ်သော ပညာရေးဆုံးရှုံး မှုနှင့် လူကုန်ကူးမှု များပပျောက်ရေး ဆိုင်ရာပညာ ပေးမှုတွေလဲ ဆက်လက်လုပ် ဆောင်သွားမှာဖြစ်ကြောင်း သူမက ဆက်ပြော သွားပါတယ်။

လူ့အခွင့်ရေးချိုးဖောက်ခံ ကလေးမျာနဲ့ပတ်သတ်ပြီး ဒုက္ခသည်စခန်းအပါ အ၀င် IDP ဒေသရှိ ကလေးများ အတွက်ရည်ရွယ် ကာအစီရင်ခံ စာတစောင် ထုတ်ပြန်ရန်ရှိကြောင်း လဲ သိရပါတယ်။

မိမိရဲ့ အခွင့်အ ရေးကို မသိသေး သေား ကလေးများ အား သိလားစေရန် သင်တန်း ပြန်လည် ပို့ချ ရမည်ကို ပိတိဖြစ်မိကြောင်း သင်တန်းသား တဦးဖြစ်သူ မောင်ထန်းနောင် က အခုလိုပြော ပါတယ်။

သူက “ဒီသင်တန်း မှာက ကျနော်တို့ မသိသေးတဲ့ အရာတွေ သိခဲ့ရတယ် ပိုပြီးတော့လဲ ကောင်းလားတာပေါ့နော် နောက်ပြီး သင်တန်းပြန်ပြီး ပို့ချရမယ် ဆိုတော့ မသိသေးတဲ့ ကလေးတွေ အတွက် သိလားအောင်းလုပ်ပေးရမယ်ဆို တော့ ပီတိ ဖြစ်တာပေါ့ ဟု” သူက ပြောသွားပါတယ်။


ကလေးများဆိုင် ရာအခွင့်အရေး ပညာပေးမှု သင်တန်းများကို ပြန်လည်ပို့ချရန်တွက် ရွေချယ် ထားသော နေရာများမှာ ဒုက္ခသည် စခန်းအပါ အ၀င် ပြည်တွင်း စစ်မငြိမ်း သေးသော ဒေသများ နဲ့ ထိုင်းမြန်မာ နယ်စပ် ရှိရွှေ့ပြောင်း အလုပ်သမား စသော နေရာ ၅ ခုကို ရွေးချယ်ထား ကြောင်းလဲ သိရပါတယ်။

ယခု ပြုလုပ်သော သင်တန်းမှာ ဒုတိယအကြိမ် ဖြစ်ပြီး သင်တန်းသားများမှာ ကရင်၊ရခိုင်၊မွန် နဲ့ဗမာတို့ ဖြစ်ကြပြီး သင်တန်းသား ၁၀ ဦး ပါဝင်တယ်လို့လဲ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ