၂၀၁၂ခုနှစ် ဒီမိုကရေစီဆုအတွက် (The 2012 Democracy Award)လူမှုရေးလုပ်ငန်းများ ဆောင်ရွက်သူများဖြစ်သည့် ဒေါက်တာ စင်သီယာမောင် အပါအ၀င် ပုဂ္ဂိုလ်(၅)ဦးအား ဒီဆုကို ရွေးချယ်ချီးမြှင့် လိုက်ပါတယ်။အမေရိကန်အခြေစိုက် National Endowment for Democracy-NED မှ ချီမြှင့် ခဲ့တာဖြစ်ပြီး ဒေါက်တာစင်သီယာမောင် အပါအ၀င် သျှမ်းခေါင်းဆောင် (SNLD) ဥက္ကဌ ဦးခွန်ထွန်းဦး၊ (နာရေးကူညီမှုအသင်း ဥက္ကဌ)ဦးကျော်သူ၊ ၈၈မျိုးဆက်ကျောင်းသား ကိုမင်းကို နိုင်၊ (US Campaign For Burma)မှ ဦးအောင်ဒင်တို့ဖြစ်ကြောင်း ကေအိုင်စီ သတင်းအရ သိရပါတယ်။
ဒေါက်တာစင်သီ ယာမောင်က ထိုဆုကို ရရှိသောကြောင့် အလွန်ဝမ်းသာ ကြောင်းနဲ့ အဲဒီဆုပေးပွဲ အခမ်း အနား ကို သူ မကိုယ် တိုင် တက်ရောက် ယူနိုင်ခြင်း ရှိမရှိ မသေချာ သေးကြောင်း လဲ သိရပါတယ်။
ဒေါက်တာ စင်သီယာမောင် ဟာနိုင်ငံတကာ ရှိ အဖွဲ့အစည်းများက သူမအား ချီးမြှင့်ခဲ့ တဲ့ ဆုများအနက် ယခုဒီမိုကရေစီဆုသည် (၆)ခုမြောက်ပြီး ထို ပုဂ္ဂိုလ်(၅)ဦးအား မေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ တော်၌ စက်တင်ဘာလ ၂၀ရက်နေ့တွင် ဆုချီးမြှင့်မည်ဟု လဲသိရပါတယ်။
No comments:
Post a Comment