စက်တင်ဘာလ၊ ၂၂ ရက်နေ့တွင်ကျရောက်သော ၁၁ ကြိမ်မြောက်အ ပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေနေ့ တွင် KNU ကရင်အမျိုးသား အစည်းအရုံး ၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် အား ဂုဏ်ပြု ခဲ့ကြပါတယ်။
ဆုချီးမြှင့် ရသည့်အကြောင်းရင်းနဲ့ပတ်သတ်ပြီး KWO အတွင်းရေးမှူး နော်ဒါးအယ်ကလယ် ကအခုလို ပြောပါတယ်။
သူက “ အခုလက်ရှိမှာ KNU နဲ့ စစ်အစိုးရတို့လုပ်နေတဲ့ လက်ရှိငြိမ်းချမ်းရေး ဆွေးနွေးပွဲ မှာဆို ရင်လဲ သူက အမျိုးသမီး တဦးအနေနဲ့ ကျမတို့ တမျိုးသားလုံးကို ဦးဆောင်တယ်လေ ပြီးတော့ သူ့ကိုလဲ ကျမတို့က ထောက်ခံ တဲ့အနေနဲ့ ဒီဆုကြီးကို ပေးတာပါ ဟု” သူကပြောပါတယ်။
ကရင်အမျိုးသမီး လူငယ် များအနေနဲ့လဲ သူမကဲ့သို့သော ခေါင်းဆောင် မှုကို အတုယူနိုင် ရည်ရွယ်ကြောင်းလဲ သူမက ဆက်ပြောသွားပါသေးတယ်။
ဒီဆုကို လက်ခံရရှိတဲ့အတွက် အတိုင်းထက်လွန် ၀မ်းသာ ကြောင်းနဲ့မြန်မာ နိင်ငံတွင်လဲ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိ ရန် ဆန္ဒရှိကြောင်း KNU အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုး ရာစိန် က အခုလိုပြောပါတယ်။
သူက“ ဒီဆုကိုကျမ ရလိုက်တော့ အရမ်းအံသြ ပြီးဝမ်းသာပါတယ် ပြီးတော့ ကျမတို့က တ ကမ္ဘာလုံး မှာငြိမ်းချမ်းရေး ရတာလဲ လိုချင်တယ် အထူးသဖြင့်တော့ မြန်မာနိင်ငံက တိုင်းရင်းသား တွေတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အလိုလားဆုံးနဲ့ အမြင်ချင်ဆုံး ပဲဟု”သူကပြောပါတယ်။
ငြိမ်းချမ်းရေး ကိုလူတိုင်းက လိုချင်ပြီး အကောင် အထည်ဖေါ် ရန်အတွက်လဲ အစိုးရတာဝန် ရှိသူများ ပေါ်တွင်လည်း အများကြီး မူတည်ကြောင်း သူက ဆက်ပြော သွားပါတယ်။
ထိုအပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်ရေးနေ့ တွင် KNU ခေါင်း ဆောင်တချို့နဲ့ NGOs အဖွဲ့အစည်းများ နဲ့ ဆာသူးလေ ကျောင်းသူ ကျောင်းသားများအပါအ၀င် ပရိသတ် ၈၀ ခန့်ထက်ရောက်ခဲ့ကြပါတယ်။
No comments:
Post a Comment