၂၀၁၂ ခုနှစ်၊အောက်တိုဘာလ ၁၁ ရက်၊စောဖိုးထူး (KSNG)
တာဝန်မှ ရပ်စဲခံထားရသည့် KNU ကရင်အမျိုးသားအစည်းအရုံး မှဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တာဝန်မှ ရပ်စဲခံထားရသည့် အကြောင်းနဲ့ပတ်သတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမယ် လို့သိရပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ ဆက်ဆံရေးရုံးတွင် အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြုလုပ်သွား မယ်လို့ ကေအိုင်စီ သတင်းအရသိရပါတယ်။
ထိုသတင်းစာရှင်လင်းပွဲတွင် ကရင်အမျိုးသား များအချင်းချင်း ညီညွတ် မှုဆက်လက်ရှိ ရန်အတွက် အဓိက ရှင်းလင်းသွားမှာဖြစ်တယ်လို့ လဲ သိရပါတယ်။
ယခု အောက်တိုဘာလ မှာကျင်းပရန် ရှိတဲ့ ကရင်တမျိုးသားလုံးရဲ့ ၁၅ ကြိမ်မြောက် ညီလာခံကြီး သို့လဲ အားလုံးတက်ရောက်သွားရန် ရှိသည် လို့လဲ သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment