Saturday, October 13, 2012

အစိုးရဖက်မှ မှတ်ပုံတင်များ ပြုလုပ်ပေးရာတွင် ငွေကြေးကောက်ခံမှုတွေ ရှိနေ

၂၀၁၂ ခုနှစ်၊အောက်တိုဘာလ ၁၂ရက်၊စောဖိုးထူး (KSNG)

ကရင်ပြည်နယ်၊မြ၀တီခရိုင်ရှိ ထီးဝါပလေားနဲ့ ထီးလော်သီ့ ရွာတွင် အစိုးရဖက်မှ လ၀က (လူဝင်မှုကြီးကြပ်ရေး) တာဝန်ရှိသူများ နဲ့ နော်ဝေး မှာတာဝန်ရှိသူ နှစ်ဦးက  နိင်ငံသားစီ စစ်ရေး ကဒ်ပြားများ ပြုလုပ်ပေး ခဲ့တယ်လို့ သိရပါတယ်။ 

အခုလို မှတ်ပုံတင် ပြုလုပ်ပေးရာတွင် ငွေးကြေးကောက်ခံမှုတွေ ရှိတယ်လို့ ထီးဝါပလေားရွာမှ တာဝနှ်ရှိ သူတဦး စောမူးထူးဘော ပြောပါတယ်။ 


သူက “ကျနော်တို့သိသလောက်တော့ နော်ဝေက အားလုံးကို တာဝန်ယူပေးတယ် ဒါပေမယ့် အခု က ပိုက်ဆံတောင်းတယ် လေ တယောက်ကို ၃၀၀၀ ကျပ်ပေးရတယ် ဟု” ပြောပါတယ်.။

မှတ်ပုံတင်ကို အောက်တိုဘာလ  ၅ ရက်မှ ၉ ရက် နေ့အထိ ပြုလုပ်ပေးခဲပြီး လာရောက်လုပ် ကိုင်ပေးသော တာဝန်ရှိသူများသည် အထက်မှ ပေးသော ငွေများလုံလောက်မှု မရှိတာကြောင့် အခုလို လုပ်တာဖြစ်တယ်လို့ လဲ စောမူးထူးဘော ကပြောပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ