ကရင်အမျိုး သားအစည်းအရုံး( KNU )ဗဟိုးတရားရေး တာဝန်ခံဟောင်း ပဒိုဒေးဗစ်ထောရဲ့ ဈာပန အခမ်းအနားကို ထိုင်းမြန်မာ နယ်စပ်ရှိ ကေအဲန်ယူ် ထိန်းချုပ် နယ်မြေ တခီုမှာ ကျင်းပပြီး စီး သွားခဲ့ တယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၁၇ နေ့ မနက် ၁၁ နာ ရီတွင် ကေအဲန်ယူ တပ်မဟာ (၇) ဗဟိုဌာနချုပ် ထိန်းချုပ်နယ်မြေ ရှိ
သိကော်ထာ့ တွင် ၄င်းရဲ့ ဈာပနအခမ်းအနားအား ခရစ်ယာန်ဘာသာဖြင့် ၀တ်ပြုဆုတောင်းမှုများပြုလုပ် ပြီး ကျင်းပြီးစီး ခဲ့တာလဲ ဖြစ်ပါတယ်။
အခုလို တော်လှန်ရေး ခေါင်းဆောင် တဦးကွယ်လွန်သွားတဲ့ အတွက် သူ့မိသားစု များက၀မ်း နည်းသလို မိမိတို့အနေနဲ့လဲ စိတ်မကောင်း ဖြစ်မိကြောင်း KNU တပ်မဟား ၅ ခရိုင်မှူး ပဒိုစော ထဲဒယ် က KSNG Media သို့ပြောပါတယ်။
သူက“ ဒီလိုခေါင်းဆောင် တဦးကို ဆုံးရှုံးလိုက်ရတော့ သူ့ရဲ့မိသားစု တွေလဲ စိတ်မကောင်းသလို ကျနော်တို့လဲ အရမ်းကို ၀မ်းနည်းမိ ပါတယ် ဟု”ပြောပါတယ်။
သို့သော်လည်း ယခုလို ကွယ်လွန် သွားခြင်းကြောင့် ရှေ့ဆက် လုပ်ဆောင် သွားမယ့် ငြိမ်းချမ်း ရေး လုပ်ငန်းစဉ်အတွက် အထိအခိုက်မရှိနိင် ကြောင်း သူကဆက်ပြောသွားပါတယ်။
ပဒိုစောဒေဗစ် ထေားသည် ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ(UNFC) အဖွဲတွင်လဲ ပါဝင်လုပ်ဆောင် ခဲ့သူတဦးဖြစ်ပါတယ်။
သူဟာ တိုင်းရင်သားများအရေးတွက် စစ်မှန်တဲ့ ဖက်ဒရယ်အုပ်ချုပ်ရေးကိုလဲ လိုလား သူတဦးဖြစ်ပြီး သူ့ရဲ့ မပြီးဆုံးခဲ့သော တ၀န်ကို ဆက်လက်ထမ်းဆောင်းသွားမယ်လို့လဲ ပအိုဝ်တိုင်းရင်းသား ခေါင်းဆောင်တဦးက( KSNG Media)သို့ ပြောပါတယ်။
သူက“တိုင်းရင်းသားတွေ ရဲ့တန်းတူရေးနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက် ရေးအတွက် ဟာ သူ့ရဲ့ ရည်မှန်းချက်ဖြစ် တယ်လေ အဲဒီတော့ ကျနော်တို့ကလဲ အောင်ပွဲ ရတဲ့အထိ ဆက်လက်တိုက်ပွဲ ၀င်သွားမယ် ဟု” ပြောပါတယ်။
ယခုလက်ရှိတွင် ထွက်ပေါ်နေသော ( KNU ) အဖွဲ့ နှစ်ဖွဲ့ကွဲနေ တယ်ဆိုတဲ့ အကြောင်းနဲ့ ပတ်သတ် ပြီးတော့ လဲ သူ့အနေနဲ့ ထိုကဲ့သို့ မထင်ကြောင်း ဆက်လက်ပြောသွားပါတယ်။
ပဒိုဒေးဗစ်ထော သည် အောက်တိုဘာလ ၁၄ရက်နေ့က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံးမှာ ည ၁၀နာရီကျော်တွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့ပြီး ၄င်းရဲ့ဈာပန အခမ်းအနားသို့ လူထု ၁၀၀၀ ကျော်တက်ရောက်ပို့ ဆောင်ခဲ့တယ်လို့ သိရပါတယ်။
No comments:
Post a Comment