Friday, October 19, 2012

မယ်လဒုက္ခသည် စခန်းတွင် ကျောင်း သားအားက စားပွဲတော် ပြန်လည် ကျင်းပ

၂၀၁၂ ၊ အောက်တိုဘာလ ၁၈ ရက်နေ့ စောဖိုးထူး

ထိုင်း-မြန်မာနယ်စပ်တာ့ခ်ခရိုင်အတွင်းရှိ မယ်လကရင်ဒုက္ခ သည်စခန်းတွင် ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်က မကျင်းပ ဖြစ်ခဲ့သော အားကစားပွဲတော်ကို ပြန်လည်ကျင်းပခဲ့ ကြပါတယ်။ 

ထိုအားကစာ ပွဲတော်ကို အောက်တိုဘာလ ၁၅ ရက်နေ့တွင် ပြန်လည်ဖွင့် လှစ်ခဲ့ပြီး ပြိင်ပွဲများ တွင် ဘောလုံး၊ဘော်လီဘော နဲ့ ပိုက်ကျော်ချင်း ပြိင်ပွဲတွေ ပါဝင်တယ်လို့ လဲသိရပါ တယ်။ 


ယခုလိုကျောင်း သားအားကစားပွဲတော်ပြန်လည်ကျင်းပ ပေးလိုက်ခြင်း အားဖြင့် ကျောင်းသူ ကျောင်းသားများ ရဲ့ ကျောင်းတက်ချင်စိတ် ကိုလဲမြှင့်တင်း ပေးပြီးအကျိုးလဲ များစွားရှိကြောင်း မယ်လစခန်းမှ ကျောင်းဆရာတဦးဖြစ်သူ စောတကွယ်ထူး ( KSNG Media) သို့ ပြောပါတယ်။ 

သူက “ဒီလိုမျိုး ပွဲတွေ လုပ်ပေးခြင်းအားဖြင့် ကျောင်းသား အချင်းချင်း ကြားမှာ လဲ ဆက်ဆံရေး တွေ တကျောင်းနဲ့ တကျောင်း ပိုပြီး ကောင်း လာတယ် ပြီးတော့  သူတို့ အတွက် ကျန်းမာရေးလဲ ကောင်းပါတယ် ဟု ” ပြောပါတယ်။

ပြီးခဲ့သော နှစ်တွင် အခုလိုကျောင်း သားပွဲတော် အားကစားပြိုင်ပွဲ ကျင်းပနိင်ခဲ့ခြင်း မရှိသော ကြောင့် နှစ်တ၀က်ကျော်ကျော်လောက်တွင် ကျောင်းထွက်ခဲ့သော ကျောင်းသား များစွားရှိကြောင်း သူက ဆက်ပြောသွားပါတယ်။ 

နှစ်စဉ်ကျင်းပလျှက် ရှိသောထိုကျောင်းသား ပွဲတော်ကို ကရင်ကျောင်းသား များကွန်က ရက် အဖွဲ့(KSNG) မှစတင် ဦးစီးကျင်းပ ခဲ့တာလဲ ဖြစ်ပါတယ်။ 

ကျောင်းသားလူငယ်များသည် အားကစားကြောင့် မူးယစ်ဆေးဝါး သုံးစွဲမှုမှာလည်း များစွားလျှော့ နည်းလားကြောင်း မယ်လမှ ဥက္ကဌ စောမြဒိုဝါးက ( KSNG Media)  သို့ ပြောပါတယ်။ 

သူက“ ပြိုင်ပွဲမှာဆိုရင် မူးယစ်ဆေးဝါး သုံးတာတွေကို တားမြစ်ထားတာ တွေရှိတယ်လေ အဲဒီတော့ လူငယ်တွေ အတွက် မူးယစ်ဆေး ၀ါးသုံးစွဲ မှုကို အများကြီး နည်းပါး သွားစေ နိုင် တယ် ဟု” ပြောပါတယ်။ 

ယခုခေတ် ကျောင်းသာ လူငယ်များ အတွက် ကျောင်းပညာ ရပ်မှာ အဓိကအားဖြင့် ပညာသင် ကြား ခြင်း တခုတည်းသာ မဟုတ်ပဲ အားကစား အပါအ၀င် အခြားသောရသင့် ရထိုက်သော လုပ်ရှားမှုများလဲ သူတို့ တွင် ရှိသင့်ကြောင်းသူကဆက်ပြောသွားပါတယ်။ 

ယခုကျင်းပသော ကျောင်းသားအား ကစားပွဲတော်သည် ကရင်ဒုက္ခသည် များအနက် အကြီး ဆုံးဖြစ် သော မယ်လ စခန်းတ ခုထဲတွင် သာရှိပြီး ကျန်စခန်းများတွင် ထိုကဲ့သို့ ကျင်းပပြုလုပ် ခြင်းမရှိကြောင်း လဲ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ