Saturday, October 6, 2012

ရွှေ့ပြောင်းကျောင်း သားများ ပြည်တွင်းတွင် စာမေးပွဲဝင်ရောက်ဖြေဆိုရန် အခွင့် အရေးရရှိ

ထိုင်းမြန်မာနယ်စပ်ရှိ ရွှေ့ ပြောင်းအလုပ်သမား များအတွက် ဖွင့်လှစ်ထားသော ကျောင်းများမှ ကျောင်းသားများသည် ပြည်တွင်းရှိ ကျောင်းသူကျောင်း သာများ နည်းတူ တက္ကသိုလ် ၀င်တန်း ၀င်ရောက်ဖြေဆိုနိုင်ခွင့် ရတော့မယ်လို့ သိရပါတယ်။ 


အဲဒီ ကျောင်းသားတွေကို ကရင်ပြည်နယ် အတွင်းမှာရှိတဲ့ သက်ဆိုင်ရာ စာစစ်ဌာနတွေမှာ အောက်တို ဘာလ ၂ ရက်က စတင်ပြီး လေ့ကျင့်မှုများ ပြုလုပ်နေပြီဖြစ် ကြောင်း ကေအိုင်စီသတင်းတွင် ဖေါ်ပြထား ပါတယ်။ 

မြန်မာရွှေ့ပြောင်းပညာရေး ထောက်ပံ့မှု ဖောင်ဒေးရှင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ် သမားများ ပညာရေး ကော်မတီ-BMWEC တို့ ပူးပေါင်းပြီး ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းထံ သွားရောက် ဆွေးနွေးခဲ့ရာ မှ သဘော တူညီမှုများ ရရှိသောကြောင့် ထိုအစီစဉ်အား ပြုလုပ်ခြင်းဖြစ် တယ်လိုလဲ သိရ ပါ တယ်။

တက္ကသိုလ် ၀င်တန်း ၀င်ရောက် ဖြေဆိုနိုင်ရန် အရည်အချင်းရှိသော ကျောင်းသူကျောင်းသား ၇၀ဦးကို လဲ ကရင်ပြည်နယ်ရှိ သက်ဆိုင်ရာပညာရေးဌာနများသို့ စာရင်းပေးသွင်းထား တာတွေရှိတယ်လို့လဲ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ