Saturday, October 6, 2012

မယ်ရာမို ကရင်ဒုက္ခသည် စခန်းတွင် ရေကြီး မှုကြောင့် အိမ် ၁၀ လုံးကျော် ပျက်စီး

၂၀၁၂ ခုနှစ်၊အောက်တိုဘာ ၄ ရက်နေ့ ၊စောဖိုးထူး (KSNG)

ထို်င်းမြန်မာနယ်စပ် မယ်ဟောင်စောင် ခရိုင်ရှိ မယ်ရာမို ကရင်ဒုက္ခသည် စခန်းမှာ စက်တင်ဘာလ ၁၇ ရက်နေ့ ညနေက တောင် ကျ ချောင်းရေကြီး မှုကြောင့်  အဆောက်အဦး ၁၀ လုံးကျော် ပျက်စီးသွားတယ်လို့ မယ်ရာမို စခန်းမှ ဥပဒေး ရေးရာလူကြီး တဦးဖြစ်သူ စောဖိုးသံချောင်းက ပြောပါတယ်။

သူက“ ညနေခင်း ၆ နာရီလောက်မှာ မိုးတအာရွာလာတယ် ပြီးတော့ ကမ်းပါးး တွေလဲ ပြိုတယ်လေ သိပ်တော့မကြာလိုက်ပါဘူး ကျနော်တို့သိလိုက်တာက စခန်းရဲ့ရုံးအဆောက် အဦးရယ် ကျောင်းသားတွေနေတဲ့ အဆောင်တလုံးရယ် ပြီးတော့အိမ် တချို့ ရယ် အားလုံး ၁၀ လုံးကျော်လောက် ရှိမယ် ဟု” ပြောပါတယ်။

ထိုဒုက္ခသည် စခန်းအား ဖြတ်ပြီး စီးဆင်းနေသော မယ်ရာမိုချောင်းသည် မိုးရွာသွန်းမှု မျာသော ကြောင့် ချောင်း ရေများ ကြီးလာပြီး လျှံထွက်လာတာကြောင့် ဖြစ်ပါတယ်။

ရေကြီးတဲ့ အတွက်ကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသော်လည်း ပြိုကျသွားတဲ့ အမှတ် (၇) အဆောင် တွင် ကျောင်းသူကျောင်းသား ဦးရေ ၅၀ ကျော်ရှိပြီး အဆောင်နဲ့ ဂိုဒေါင်ထဲမှာ ရှိတဲ့ ဆန်အိတ် ၃၇ အိတ်လဲ ပျက်စီး သွားခဲ့တယ်လို့ သူကဆက်ပြောသွားပါတယ်။

စခန်းရုံးအတွင်း ရှိအရေးကြီးသော မှတ်စု စာရင်းနဲ့ စာရွက်စာတမ်း များပျောက်ဆုံး ပျက်စီး သွားသော ကြောင့် အခက်အခဲ အလွန်ရှိကြောင်းသူ ပြောပါတယ်။

သူက“ စခန်းရဲ့ဂိုဒေါင်ရယ် လူသစ်တွေတွက် ထားပေးတဲ့ ဂိုဒေါင်ရယ် ရုံးထဲက မှာရှိတဲ့ပစ္စည်း စာရင်း တွေအားလုံး ပါသွားတယ် ဗျာ ဒုက္ခအရောက်ဆုံးကတော့  လူသစ်စာရင်းနဲ့ စခန်းတ ခုလုံး ရဲ့ မှတ်စု စားရင်းပဲ ဟု”ပြောပါတယ်။

စခန်းရုံး တွက်အသုံးပြုသော မီးစက်တလုံးလဲ မြှုပ်သွာကြောင်း သိရပါတယ်၊ပျက်စီး ဆုံးရှုံးသွားသော အဆောက်အဦး နဲ့ ပစ္စည်းများ အတွက် လဲ အကူအညီများ လားပေးတာ သေသေချာချာ မရှိသေးကြောင်းလဲ သိရပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ