၂၀၁၂ ခုနှစ်၊အောက်တိုဘာ ၄ ရက်နေ့ ၊စောဖိုးထူး (KSNG)
ထိုင်းမြန်မာနယ်စပ် သံလွင်မြစ် ကမ်းရှိ မဲ့ဆာမလဲ့( သော်လဲ့ထာ) ရွာ အနီးတွင် ထိုင်းအာဏာပိုင် များက ကျွန်းသစ် အတိုင် ၄၀ ကျော် ဖမ်းဆီးမိ ခဲ့တယ်လို့သိရပါတယ်။
စက်တင်းဘာလ ဒုတိယ အပတ် ၁၂ နေ့တင် သံလွင်မြစ် အထက်ပိုင်းမှ မျှောလာတဲ့ ကျွန်းသစ်တိုင်တွေ ကိုဖမ်းလာ တာဖြစ်မယ်လို့ ကိုယ်တိုင်မြင် တွေ့ရသူ IDP အီးတူထာ စခန်းမှ ဆရာမ နော်သဲနေက ပြောပါတယ်။
အခုလိုဖမ်းမိခဲ့တဲ့ သစ်များမှာ သော်လဲ့ထာရွာ မရောက်ခင် မှာပဲ ထိုင်းနယ်စပ်တာ ၀န်ရှိသူတွေ ကသွားရောက် ဖမ်းဆီးခဲ့တာလို့ သူမက အခုလို ပြောပါတယ်။
သူမက “အဲဒီသစ်ဖေါင် အတွဲက အကြီးကြီးပဲ ပြီးတော့ အတိုင် ၄၀ ကျော်မယ်ထင်တယ် သူတို့ ဒီဇယ်လှေ နှစ်စင်း နဲ့သွားပြီး တွဲလာတာ ကိုလူတွေ အများကြီး ၀ိုင်းကြည့်ကြတယ် ဟု” ပြောပါတယ်။
ထိုဖမ်းဆီးရမိခဲ့သော သစ်များမှာ သံလွင်မြစ် အထက်ဖက်ရှိ ကရင်နီ ပြည်ဖက်မှလာ တာဖြစ်နိင် တယ် လို့သူမကခန့်မှန်းပြောဆိုသွားပါတယ်။
သို့သော်လည်း KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ မူတြော် ခရိုင်တွင်လည်း သစ်ခိုးထုတ်တာ တွေရှိတယ်လို့ ခရိုင်လက်ထောက် အတွင်းရေးမှူး ပဒိုစောလွဲနေက အခုလိုပြောပါတယ်။
သူက “အခုဆို ကျနော်တို့မူတြော် ခရိုင်မှာ သစ်ခိုးလုပ်တာ တွေလဲရှိတယ်လေ ဥပဒေအရ သစ်ထုတ် ခွင့်နဲ့ ရောင်းတာတွေလဲ အားလုံးပိတ်ထာတယ် ပြီးတော့ အဲလိုတွေလုပ်တဲ့ အတွက် တချို့  နားမလည်တဲ့ ပြည်သူတွေက တော့ ကျနော်တို့ကို အပြစ်ပြောကြတာတွေ ရှိတယ် ဟု”ဲ သူကပြော ပါတယ်။
ဒုက္ခသည် စခန်းတွေမှာတော့ သစ်ခိုးထုတ်ရာမှာ မပါဝင်ဖို့ သတိပေးထားကြောင်း ဆရာမ နော်ဆဲနေ က ပြောပါတယ်။
သူမက အီးတူထာ မှာဆို သစ်ခိုးလုပ်တာတွေ မရှိရအောင်လို့ သက်ဆိုင်ရာ လူကြီးတွေက သူတို့ တွေကို အမြဲ သွားပြီး အသိပေးတာတွေ ရှိတယ် ဟု ပြောပါတယ်။
အခုလို သစ်ခိုးထုတ်တာတွေ လျှောနည်းအောင်လို့ မြေမြှုပ်မိုင်းတွေ ကိုKNU ထိန်းချုပ်နယ်မြေ အတွင်းရှိ သစ်တောတွေထဲမှာ ထောင်ထားတာတွေလဲ ရှိတယ်လို့သိရပါတယ်။
No comments:
Post a Comment