Wednesday, November 7, 2012

KNLA နှင့် မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး ချစ်ကြည်ရေး ဘောလုံးကစား

နိုဝင်ဘာလ ၇ ရက် စောလခင်မှူး(KSNG)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ (၁)နှင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး Actor Star FC ဘောလုံးအသင်းတို့သည် ယမန်နေ့ညနေက မွန်ပြည် နယ်၊ ဘီးလင်းမြို့ရှိ ဘောလုံးအားက စားကွင်းတွင် ချစ်ကြည်ရေးအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။


ယင်းချစ်ကြည်ရေးဘောလုံးပွဲတွင် ရုပ်ရှင်အစည်းအရုံးက KNLA အသင်းကို ၂ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပွဲမှ ရရှိလာသော ရန်ပုံငွေကို ဒေသဖွံဖြိုးရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း တပ်မဟာ(၁) ဗျူဟာမှူး ဗိုလ် မှူးကြီးစောပလေ့က ကေအိုင်စီ သို့ ယခုလို ပြောသည်။

အဆိုပါ ဘောလုံးပွဲတွင် KNLA တပ်မဟာ(၁) ဘောလုံးဝါသနာရှင်များနှင့် ရုပ်ရှင်အစည်းအရုံးဘက်မှ ရုပ်ရှင် မင်းသား လူမင်း၊ သူထူးစံ၊ ပိုင်ဇေရဲထွန်းတို့ အပါအ၀င် အခြားအနုပညာ ၀ါသနာရှင်များ ကစားခဲ့ကြကာ ပွဲစဉ် လက်မှတ်တစ်စောင်လျှင် ကျပ် ၅၀၀နှုန်းဖြင့် လူထုပရိဿတ် တစ်သောင်းကျော် တက်ရောက် အားပေး ကြည့်ရှုခဲ့သည်ဟု သိရသည်။

ချစ်ကြည်ရေးဘောလုံးပွဲဖြစ်မြောက်ရေးအတွက် အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင် ဝေဠုကျော်မှ ဦးဆောင်စီစဉ်ပေးခဲ့ပြီး KNU တပ်မဟာ(၁)နှင့် တပ်မဟာ(၅) နယ်မြေတွင် ရွှေတူးဖော်ရေး လုပ်ဆောင်ခဲ့သော ရွှေဖူးကုမ္ပဏီက ပံ့ပိုးကူညီခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ