ကရင်ပြည်နယ်၊ ဖားအံခရိုင် ကရင်အမျိုး သားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ ထိန်းချုပ်ရာနယ်မြေ သောင်ရင်းမြစ်တစ်နေရာတွင် ရေနစ်သေဆုံးခဲ့သူ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်( ကေအဲန် အယ်လ်အေ)တပ်မှူး ဗိုလ်မှူးစောအရိုး (၅၅)နှစ်၏ ရုပ်အလောင်းကို ယခုလ နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၁၀ခန့်တွင် ပြန်လည်တွေ့ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ရက်နေ့ ညနေ ၅နာရီခွဲအချိန်တွင် ဗိုလ်မှူးစောအရိုး၊ ဂျီ 3 ဗိုလ်မှူး စောဆဲဂေ၀ါးသော၊ ဗိုလ်မှူး စောတာမလာသောတို့နှင့်အတူ ထိုင်းဘက်ခြမ်း မဲသရိကျေးရွာရှိ အသိတစ်ယောက်ထံသို့သွားလည်အပြီး လှေလျော်ဖြင့် ပြန်လာခဲ့ရာတွင် ရေစီးသန်သည့်နေရာသို့ ရောက်သောအခါ လှေမှောက်၍ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။
G 3 ဗိုလ်မှူးစောတာမလာသော၏ ပြောပြချက်အရ ၎င်းတို့ ထိုင်းဘက်ကမ်းသွားလည် အပြီး ပြန်လာရာတွင် ရေစီးသန်သည့်နေရာအရောက်၌ ဗိုလ်မှူး အရိုးကြောက်လန့်ပြီး ငြိမ်ငြိမ်မထိုင်သောကြောင့် လှေတိမ်းမှောက်သွားခြင်းပြီး အခုလို လုပ်ဖော်ကိုင်ဖက်ကောင်း တစ်ဦး သေဆုံးသွားခြင်းကြောင့် အလွန်ဝမ်းနည်းမိကြောင်း ပြောသည်။
ဗိုလ်အရိုးသည် ကရင်ပြည်နယ် မြောက်ပိုင်း ကေအဲန်ယူ တပ်မဟာ ၂ နယ်မြေ၊ တောင်ငူခရိုင် ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူနှင့်အတူ သမီး ၃ဦးကျန်ရစ်ခဲ့သည်။
No comments:
Post a Comment