Wednesday, November 7, 2012

KSNG နှင့် BI ဦးစီး၍ မဲဆောက်မြို့တွင် ပန်းချီပြပွဲပြုလုပ်

နိုဝင်ဘာလ ၇ ရက် စောလခင်မှူး(KSNG)
 
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ကရင်ကျောင်းသားများကွန်ယက်( KSNG)နှင့် မြန်မာ့ရေးရာ BIတို့ ဦးစီး၍ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ရက်နေ့ ညနေ ၇နာရီမှ ၁၀နာရီအထိ ပန်းချီပြပွဲအစီအစဉ်တစ်ခု ကျင်းပပြုလုပ်ခဲ့ကြသည်။

 
 “စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိရန်အတွက်ငိုကြွေးသံ ဆိုသည့်ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ပန်းချီပြပွဲကို ကရင်ပြည်နယ်အတွင်း ကြုံတွေ့နေရသည့် ဒုက္ခအခက်အခဲများကို ထုတ်ဖော်ပြသချင်သောကြောင့် ယခု ပန်းချီပြပွဲကို ကျင်းပ ပြုလုပ်ရခြင်းဖြစ်သည်ဟု ကရင်ကျောင်းသားများကွန်ယက်၏ ဥက္ကဌဖြစ်သူ စောမော့က ပြောသည်။
 “ကရင်ပြည်နယ်မှာ ဖွံ့ဖြိုးရေးကြောင့်ဖြစ်စေ၊ စစ်ဘေးစစ်ဒဏ်ကြောင့်ဖြစ်စေ ကရင်ပြည်သူတွေကြုံတွေ့နေရတဲ့ ဒုက္ခအခက်အခဲတွေကို အများပြည်သူတွေသိအောင် သူတို့အသံတွေကို ထုတ်ဖော်ပြသချင်လို့ ဒီပန်းချီပြပွဲကို ကျင်းပပြုလုပ်ရတာဖြစ်တယ် ၎င်းက ဟု ပြောသည်။
ထိုပန်းချီပြပွဲတွင် ပြသထားတဲ့ ပန်းချီကားများသည်  ကရင်ကျောင်းသားများကွန်ယက်မှ ပန်းချီကားတစ်ချို့နှင့် ဒုက္ခသည်စခန်းတစ်ချို့မှ ကျောင်းသူ ကျောင်းသားများ၏ ပန်းချီကားတစ်ချို့လည်းပါဝင်ပြီး ၎င်းပန်းချီပြပွဲမှာ ပြည်တွင်းမှ ကလေးသူငယ်များ၏ ဘ၀နေထိုင်မှုပုံ၊ ပညာရေးနှင့် ထွက်ပြေးပုန်းအောင်းနေရတဲ့ ဌာနေမဲ့ပြည်သူများ၏ ပုံရိပ်ဘ၀များကို ဖော်ညွှန်းထားတဲ့ ပန်းချီကားများအပါအ၀င် ပန်းချီကားပေါင်း ၃၀ကျော်ပါဝင်သည်။
ပန်းချီပြုပွဲမှ ရရှိခဲ့သည့် ရန်ပုံငွေ တစ်ဝက်ကို ကရင်ပြည်နယ်အတွင်းမှ ကျောင်းသားလူငယ်များ၏ ပညာရေးအတွက် ထောက်ပံ့ပေးမှာဖြစ်သကဲ့သို့ ကျန်တစ်ဝက်ကို ပန်းချီရေးဆွဲသူကို ပြန်ပေးအပ်သွားဖြစ်သည်ဟု စောမော့က ဆက်ပြောသည်။
KSNGနှင့် BI ကွယ်ကလူသတင်းဌာနနှင့် Exppact တို့ ပူးပေါင်း ပြုလုပ်ကျင်းပသည့် ၎င်းပန်းချီပြပွဲသို့ သိုးထော့ဘွဲ့ ကရင်တေးဂီတအဖွဲ့၊ နာမည်ရ ကရင်အဆိုတော် ယူးရီအပါအ၀င် စိတ်ပါဝင်စားသူ စုစုပေါင်း ၁၀၀ကျော်တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ