Monday, November 12, 2012

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပြင်တွင် လက်နက်များ ဖမ်းဆီးရမိ

နိုဝင်ဘာ စောလခင်မှူး(KSNG)

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ပြင်ဘက် မဲ့ကိုကင်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ လဆန်းပိုင်းက လက်နက်ခဲယမ်းမြောက်များစွာကို ထိုင်းစစ်တပ်မှ ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ်နဲ့နီး စပ်သူတွေက ပြောပါတယ်။

နိုဝင်ဘာ ၃ရက်နေ့ညက ၇နာရီလောက်မှာ မဲဆောက်မြို့မှလာတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ ကားတစ်စီး ကို မဲ့ကိုကင်း ကျေးရွာ စစ်ဆေးရေးဂိတ်ရှိ ထိုင်းစစ်သားတို့က စစ်ဆေးရာမှာ အဲဒီလက်နက်ခဲယမ်း  တွေကို ဖမ်းဆီးရမိတာဖြစ်ပါတယ်။ ဒါပေမယ့် အမျိုးသား ကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်များမှာ M 60 အမျိုးအစား ၅လက်၊ အမည်တူ အမျိုးအစားကွဲ တခြားလက်နက် တစ်လက်နဲ့ ကျည် ၁သောင်းကျော် ပါရှိတယ်လို့  ထိုင်းသတင်းဌာနတွေမှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်တွေကို ထိုင်း-မြန်မာနယ်စပ် မဲကိုကင်းကျေးရွာတစ်ဖက်ကမ်း အခြေစိုက်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ လက်နက်ခဲယမ်းတွေဖြစ်တယ်လို့ ထိုင်းစစ်တပ်တွေနဲ့ နီးစပ်သူတွေက ထင်မြင်ယူဆကြပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ မဲ့ကိုကင်းကျေးရွာတစ်ဖက်ကမ်းမှာ မြန်မာအစိုးရ စစ်တပ်၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ကေအဲန်အယ်လ်အေ)၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (ဒီကေဘီအေ)၊ နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေ အခြေစိုက်လှုပ်ရှားလျှက်ရှိပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ