Friday, December 14, 2012

မြ၀တီမြို့တွင် ဒီကေဘီအေနှင့် ကရင် ငြိမ်းချမ်းရေးကောင်စီ ဆန္ဒပြ

ဒီဇင်ဘာလ ၁ရက်။ ၂၀၁၂ခုနှစ်။ 
 စောလခင်မှူး  (KSNG)


ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် တိုးတက်သောဗုဒ္ဓ  
ဘာသာ ကရင်အမျိုးသားတပ်မတော်-DKBAနှင့် 
ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC
တပ်ဖွဲ့ဝင်တို့ပူးပေါင်းပြီး လက်ပံတောင်းတောင်
 ကြေးနီ စီမံကိန်း သပိတ်စခန်း အကြမ်းဖက် ဖြိုးခွဲမှုနှင့် ကချင်ပြည်နယ် ထိုးစစ် ဆင်မှုများ 
ရပ်တန့်ရန် ရည်ရွယ်ပြီးယနေ့နံနက်အစောပိုင်းတွင် ဆန္ဒပြပွဲပြုလုပ်ခဲ့ကြသည်။ 

ကလို့ထူးဘော ဒီကေဘီအေဘက်မှ ဗိုလ်မှူးစန်းအောင်နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီဘက်မှ ဗိုလ်တိုက်ကားတို့ ဦးဆောင်၍ စစ်ယူနီဖောင်းအပြည့်အစုံဖြင့် တပ်ဆင်ထားသော တပ်ဖွဲ့ဝင်အင်အား ၁၀၀ခန့်သည် ကား ၁၀စီးကျော်နှင့်အတူ ပိုစတာများကိုင်ဆောင်၍ ယနေ့ နံနက် ၇နာရီကျော်တွင် 
စတင် ဆန္ဒပြကြခြင်းဖြစ်သည်။ 

မြ၀တီမြို့ခံတစ်ဦးက “ဒီနေ့ မနက် ၇နာရီကျော်မှာ ဘုရင့်နောင်ဈေးလမ်းမကြီးအတိုင်း ချစ်ကြည်ရေးတံတားထိပ်ကို ပိုစတာတွေကိုင်ဆောင်ပြီးတော့ ချီတက်ကြတယ်။ ပြီးတော့ ကြခတ်တောရ ကျောင်းလမ်းမကြီးအတိုင်းပြန် ကွေ့ပြီးတော့ ၈နာရီ ခွဲကျော်မှာ ဆုံဆည်းမြိုင်ဘက်ကို ပြန်တက်သွားတယ်”ဟု ပြောသည်။ 

အဆိုပါ ဆန္ဒပြပွဲတွင် လက်ပံတောင်း တောင်ကြေးနီစီမံကိန်း ချက်ချင်းရပ်၊ သာသနာအန္တရာယ်ကို ကာကွယ်၊ သံဃာတော်များကို မီးရှို့သူကို ချက်ချင်းအရေးယူပေးပါ၊ ကချင်ပြည်နယ်အတွင်း ထိုးစစ်
များကို ချက်ချင်းရပ်ပေးပါ၊ သံဃာတော်နှင့် ပြည်သူလူထုတောင်းဆိုချက်များကို လိုက်လျောပေးပါ အပါအ၀င် ကြေးနီစီမံကိန်း သပိတ်စခန်း ဖြိုခွဲမှုတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် သံဃာတော်များ၏ 
ဓါတ်ပုံ ပိုစတာများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြပွဲတွင် ဦးဆောင်သူ ဗိုလ်မှူးစန်းအောင်က “စစ်မဖြစ်ချင်လို့ပါ။ လမ်းလျှောက်ပြီး ဆန္ဒတွေ ဖော်ပြတယ်။ စစ်ဖြစ်ရင် နိုင်ငံတော်လည်း နစ်နာတယ်။ ပြည်သူတွေလည်း နစ်နာတယ်။ စစ်ဖြစ်ချင်ရင် ကျနော်တို့ လမ်းလျှောက်ဆန္ဒပြစရာမလိုဘူး။ ဒါကြောင့် ကျနော်တို့ ဒီလို တောင်းဆိုဆန္ဒပြရတာဖြစ်ပါတယ်။”ဟု ပြောသည်။ 

ယနေ့ဆန္ဒပြပွဲတွင် မြ၀တီမြို့ သတင်းတပ်ဖွဲ့မှ မှတ်တမ်း ဓါတ်ပုံ ရယူမှုများရှိသော်လည်း သက်
ဆိုင်ရာ အာဏာပိုင်များဘက်မှ တားဆီး ပိတ်ပင်မှုများ တစုံတရာလုပ်ဆောင်ခြင်း မရှိပေ။ 

ထို့အပြင် ကော့ကရိတ်မြို့တွင်လည်း ယနေ့ သို့မဟုတ် မနက်ဖြန်တွင် အလားတူ တောင်းဆိုဆန္ဒပြ
မှုများ ဆက်လက်လုပ်ဆောင်သွားရန်အစီအစဉ်ရှိသေးသည်ဟု ၎င်းဆန္ဒပြအဖွဲ့က ပြောသည်။  

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ရက်နေ့ မနက် ၃နာရီအချိန်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ လက်
ပံတောင်းတောင်ကြေးနီ စီမံကိန်းရပ်တန့်စေရန် သံဃာတော်နှင့် လူထုများ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြမှုတွင် အစိုးရ ရဲတပ် ဖွဲ့မှ ၀င်ရောက် အကြမ်းဖက်ဖြိုခွဲမှုကြောင့် သံဃာတော် ၇၀ပါးနှင့် 
 ပြည်သူ ၅ဦးဒဏ်ရာရရှိခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ