Thursday, December 13, 2012

ကျေးရွာအုပ်စုနှင့်သက်ဆိုင်သောကိစ္စရပ်အားလုံးစာရင်းအမြန်လုပ်ပြီး ပို့ဆောင်ခိုင်း


ဒီဇင်ဘာလ ၁၃ရက်။ ၂၀၁၂ခုနှစ် (စောလခင်မှူး )(KSNG)

ကရင်ပြည်နယ်မြောက်ပိုင်း၊ဖာပွန်မြို့နယ် ထီးသဘလူထာကျေးရွာအုပ်စုအခြေစိုက်အစိုး
ရစစ်တပ်ကကျေးရွာအုပ်စုနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များအားလုံးကိုစာရင်းလုပ်ပြီးအမြန် 
 ပို့ဆောင်ပေးရန်ရွာသူကြီးအားညွှန်ကြား 
ခဲ့တယ်လို့အဲဒီဒေသမှလာတဲ့သတင်းအရသိရပါတယ်။


ထီးသဘလူထာကျေးရွာအုပ်စုအခြေစိုက်အစိုးရစစ်တပ်တပ်မ၄၄လက်အောက်ခံခမရ ၂၀၇တပ်ရင်းဒုရင်းမှူးဗိုလ်မှူးသိန်းစိုးမြင့်ကပြီးခဲ့တဲ့နိုဝင်ဘာလ၂၄ရက်နေ့မှာကျေးရွာ အုပ်စုရှိကျေးရွာတွေရဲ့နာမည်၊လူဦးရေ၊စာသင်ကျောင်းကျောင်းသားဦးရေနဲ့တကွ၊ ဘုရားကျောင်း၊ဘုန်းကြီးကျောင်း၊ကျေးရွာရဲ့အခြေအနေနဲ့ကျေးရွာသူရွာသားတွေရဲ့ စီးပွားရေးအလုပ်အကိုင်တွေကိုကျေးရွာသူကြီးအားကောက်ခံခိုင်းခဲ့တာဖြစ်ပါတယ်။ 



အစိုးရစစ်တပ်မှဘာအကြောင်းကြောင့်အခုလိုစာရင်းကောက်ခံခိုင်းတာနဲ့ပတ်သက် ပြီးကျေးရွာသူကြီးကတိတိကျကျမသိရှိရသော်လည်းနိုဝင်ဘာလ၂၆ရက်နေ့မှာသူတို့ လိုချင်တဲ့စာရင်းကိုရွာသူကြီးမှပို့ဆောင်ပေးလိုက်ပြီဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

23,509

ပန်းချီ