ဒီဇင်ဘာလ ၂၈ရက်။ စောလားခတ်မူး (ကရင်ကျောင်းသားများကွန်ယက်)
လက်ရှိ အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့
တည်ဆောက်နေသည့် ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍
ကရင်ပြည်နယ်၊ ကာ့ကရိတ်မြို့နယ်၊ နောင်နိုင်း ကျေးရွာတွင် ကရင်လူငယ်အစည်းအရုံး(KYO)ဦးစီးပြီး ကရင်လူငယ်များတွေ့
ဆုံဆွေးနွေးပွဲ အစီအစဉ်တစ်ရပ် ကျင်းပပြုလုပ်သည်။
တည်ဆောက်နေသည့် ငြိမ်းချမ်းရေးကိစ္စနှင့်ပတ်သက်၍
ကရင်ပြည်နယ်၊ ကာ့ကရိတ်မြို့နယ်၊ နောင်နိုင်း ကျေးရွာတွင် ကရင်လူငယ်အစည်းအရုံး(KYO)ဦးစီးပြီး ကရင်လူငယ်များတွေ့
ဆုံဆွေးနွေးပွဲ အစီအစဉ်တစ်ရပ် ကျင်းပပြုလုပ်သည်။
ဒီဇင်ဘာလ ၂၆ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် (KYO)ဒု-ဥက္ကဌ စောအယ်ကလူစေး၊ အတွင်းရေးမှူး စောအယ်ထူး၊ အတွင်းရေးမှူး (၁) စောဂျက်ပစီနှင့် မဟာမိတ်ရေးရာ တာဝန်ခံ စောပီတာလင်းတို့ဦးဆောင်ကာ ပြည်တွင်းရှိ ကရင်လူငယ်များ၊ ကရင်နိုင်ငံရေးပါတီမှ လူငယ်များနှင့် ခရိုင် ၇ခုမှ လူငယ်များအပါအ၀င် စုစုပေါင်း ၅၀ ကျော်တက်ရောက်ခဲ့ကြသည်ဟု (KYO)အတွင်းရေးမှူး စောအယ်ထူးက ပြောသည်။
၎င်းက “ဒီလူငယ်တွေ့ဆုံဆွေးနွေးပွဲမှာ လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ၊ ကေအဲန်ယူနဲ့ အစိုးရတို့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေနဲ့ပတ်သက်ပြီး ဆွေးနွေးကြမယ်။”ဟု ပြောသည်။
ထို့အပြင် ၎င်းလူငယ်များတွေ့ဆုံဆွေးနွေးပွဲအပြီးတွင် KYO ဗဟိုကော်မတီဝင်များ နှစ်ချုပ်အစည်းအဝေးနှင့် ဒူးပလာယာခရိုင် ကရင်လူငယ်အစည်းအရုံး၏ ကွန်ဂရက်ကိုလည်း တပြိုင်နက်တည်း ကျင်းပပြု လုပ်သွားမည်ဟု KYOက ပြောသည်။
ယခုလို လူငယ်များတွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ပေးခြင်းဖြင့် နယ်စပ်ဒေသအခြေစိုက် ကရင်လူငယ်အစည်း အရုံး KYOနှင့် ပြည်တွင်းရှိ ကရင်လူငယ်တို့အကြား ချိတ်ဆက်နိုင်ရန် ခြေလှမ်းသစ် တစ်ရပ်ဖြစ်သည်ဟု စော အယ်ထူးက ပြောသည်။
“အပစ်အခတ်ရပ်စဲရေး မလုပ်ခင်မှာ ပြည်တွင်းက လူငယ်တွေဟာ ကျနော်တို့နဲ့ အတူလက်တွဲဖို့ဆန္ဒရှိခဲ့ကြပေ မယ့် တွေ့ဆုံလို့ မရဲကြဘူး။ အခုလိုတွေ့ဆုံနိုင်တဲ့အတွက် ရှေ့ဆက် ကျနော်တို့ အတူတကွ လက်တွဲနိုင်ဖို့ ခြေ လှမ်းသစ်တစ်ရပ်ဖြစ်တယ်”ဟု သူက ဆက်ပြောသည်။
ကရင်လူငယ်အစည်းအရုံးသည် မျိုးချစ်လူငယ်ခေါင်းဆောင်များကို မွေးထုတ်ပေးရန်၊ ကရင်လူငယ်ထုအတွင်း ဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေး၊ ပညာရေးနှင့် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရန် စသည်တို့ကို ရည်ရွယ်၍ ၁၉၈၉ခုနှစ်၌ မာနယ်ပလောနယ်မြေ (ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း)တွင် ဖွဲ့စည်းခဲ့သည်။
No comments:
Post a Comment