Tuesday, January 8, 2013

(၁၇)ကြိမ်မြောက် KSNG နှစ်ပတ်လည် အစည်းအဝေးပြီးဆုံး



 ဇန်န၀ါရီလ ၈ရက်။ စောထူးထူး (ကရင်ကျောင်းသားများကွန်ယက်)


(၁၇)နှစ်ကြိမ်မြောက် (KSNG )က ရင်ကျောင်း သားများ ကွန်ယက် အဖွဲ့ရဲ့ နှစ်ပတ် လည် အ စည်းအဝေးပွဲကို ထိုင်းနိင်ငံ မဲဆောက်မြို့၊ ဆာသူလေ အထက်တန်းကျောင်းမှာ  ဒီဇင်ဘာလ ၂၇ နစ်ရက်မှ ၂၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

အစည်းအဝေးမှာ KSNGရဲ့ အဖွဲ့ဝင် ၁၀ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို အစီရင်ခံစာ တင်ပြခြင်း၊ အဆိုတင် သွင်းခြင်း၊ ရှေ့ဆက်လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို ဆွေးနွေးခြင်းနဲ့ အတည်ပြုခြင်းတို့အပြင် ကျောင်းသားနဲ့ လူငယ်တွေရဲ့ အားကစားပွဲ၊ ကရင့်ရိုးရာယဉ်ကျေးမှု အကပြိုင်ပွဲအဆိုပြိုင်ပွဲနဲ့ ပန်းချီပြိုင်ပွဲများ  ကျင်းပပြုလုပ်ခဲ့ကြပါတယ်။  

၎င်းအစည်းအဝေးသို့ ကရင်ဒုက္ခသည် စခန်း () ခုမှ ကိုယ်စားလှယ်များနဲ့ ကရင်ကျောင်းသား လုပ်ရှားမှုအဖွဲ့ အပါအ၀င် စုစုပေါင်း ၆၀ ကျော်တက်ရောက်ခဲ့ကြပီး ဘိတ်ထားဝယ် ကရင်ကျောင်းသားကွန်ရက်အဖွဲ့မှာ လမ်းခရီး အခက်အခဲကြောင့် အစည်းအဝေးသို့ တက်ရောက် နိုင်ခြင်းမရှိခဲ့ဘူးလို့ KSNG က ပြောပါတယ်။ 

ဒါ့အပြင် အစည်းအဝေးပွဲကို မယ်တော်ဆေးခန်း တည်ထောင်သူ ဒေါက်တာစင်ယာမောင် အပါအ၀င် (KRCEE ) ကရင်ဒုက္ခသည်ပညာရေး အဖွဲမှ ဒါရိုက်တာ နော်တဘိုးရာတို့လည်း တက်ရောက်ကာ အားပေးစကားများပြော ကြားခဲ့ပါတယ်

ဒေါက်တာ စင်သီယာမောင်က “ကျမအနေနဲ့ တကယ်ယုံကြည်တာကတော့ ကျောင်းသား လူငယ်တွေဟာ သူတို့ရဲ့ဘ၀မှာ စစ်မှန်တဲ့ ပြောင်းလဲမတွေကို တကယ်လို ချင်ကြတဲ့သူ တွေဖြစ်တယ်။ ပြီးတော့ သူတို့လေး တွေရဲ့ ဘ၀အားမခံ ချက်တွေကိုလဲ လိုချင်ကြတယ်အထူးသဖြင့်တော့ ကိုယ့်လူမျိုးတွေ ဒီလို အဖိနှိပ်ခံ ဘ၀ကနေ လွတ်မြောက်တာ ကို တကယ်မြင်ချင် တွေ့ချင်ကြတဲ့ သူတွေဖြစ်တယ်လို့ ယုံကြည်တယ” လို့ ပြောပါတယ်။ 

စစ်မှန်တဲ့ တရားမျှတမှုဟာ ကျနော်တို့အားလုံး လိုချင် တပ်မက်တဲ့အရာဖြစ်ပီး  ရရှိမယ်လို့လဲ ယုံ ကြည်တဲ့အကြောင်း KSNG အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်သူ စောမောက အစည်းအဝေးရဲ့ အပိတ်မိန့်ခွန်းမှာ အခုလိုပြော ကြားသွားပါတယ်။ 

ကျနော်တို့ ကရင်လူမျိုးတွေအပြင် အခြားသော တိုင်းရင်းသား ညီအစ်ကို များနဲ့ အတူ စစ်မှန်တဲ့ တရာမျှတမှုတွေ ရရှိပြီး အတူတကွ ငြိမ်းငြိမ်း ချမ်းချမ် နေထိုင်နိုင်မယ်လို့ ယုံကြည်တယ်သူက ပြောပါတယ်။

ကရင်ကျောင်းသားလှုပ်ရှားမှု အဖွဲ့ဝင်တဦး ဖြစ်သူ ဆရာစောဟေစိုးကလည်း နိုင်ငံရေး အလှည့်အပြောင်းပေါ် မှာမူတည်ပြီး ကရင်ကျောင်းသား တွေဟာလည်း နိုင်ငံရေးဖက်မှာ ပိုမိုပါဝင်လုပ်ဆောင် သင့်တယ်လို့ ပြောပါတယ်။

သူက ကျနော်တို့ ကျောင်းသား လူငယ်တွေဟာ နိုင်ငံရေးနဲ့ ပတ်သတ်နေကြတဲ့ သူတွေပါပဲ အဲဒါကြောင့် ဒီနိုင်ငံရေးဖက် မှာပိုပြီး အားသန်လားအောင် ရှေဆက် ခြေလှမ်းသစ် အနေနဲ့ ပိုပြီပါဝင်လုပ် ဆောင်သင့်တယ်လေ”လို့ ပြောပါတယ်။

ကရင်ကျောင်းသားများကွန်ယက် (KSNG)ဟာ ပြည်တွင်း၊ ပြည်ပရှိ ကရင်ကျောင်းသူကျောင်းသားများ အချင်းချင်း ဆက်သွယ်နိုင်ဖို့နဲ့ အသိပညာအတတ်ပညာများကို ဖလှယ်နိုင်ဖို့အတွက် ၁၉၉၆ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ