Sunday, January 13, 2013

ကော်မူရာ ကျောင်းသား ဟောင်းများ ကျောင်းဆရာ များအား ဂုဏ်ပြု

ဇန်န၀ါရီလ ၁၁ရက်။ စောထူးထူး(ကရင်ကျောင်းသားများ ကွန်ယက်)

ထိုင်း-မြန်မာ နယ်စပ်၊ အုန်းဖျန်ကရင် ဒုက္ခသည် စခန်းရှိ အမှတ်(၁) ကော်မူးရာ အထက် တန်း ကျောင်းတွင် ကျောင်းသားဟောင်းများက  ဇန်န၀ါရီလ ၁၁ရက်နေ့ ကရင်နှစ်သစ်ကူး အကြိုနေ့တွင် ကျောင်းဆရာ၊ ဆရာမများအား ဂုဏ်ပြုခဲ့ကြသည်။

ကျောင်းသူ၊ ကျောင်းသားဟောင်း ၂၀ကျော်မှ ကျောင်းဆရာ၊ ဆရာမ ၈၅ဦးအား နံနက် ၉ နာရီ မှ နံနက် ၁၀ နာရီခွဲထိ ဂုဏ်ပြုလုပ်ပွဲ အစီအစဉ်ကို ကျင်းပြုလုပ်ခဲ့ကြပြီး  ယခုလိုဂုဏ်ပြုခြင်း အားဖြင့် ကျောင်ဆရာ၊ ဆရာမများကို တဖက်တလမ်းမှ ပျော်ရွှင်မှုနှင့် ခွန်အားများကို ပေးနိင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ကျောင်းသားဟောင်း အဖွဲ့ခေါင်းဆောင် စောညို့ကလီဆှီးက ပြောသည်။

သူက “ကျနော်တို့ ကျောင်းသားဟောင်း တွေစုပြီးတော့ တတ်နိင်သလောက် ပြန်ပြီး ဂုဏ်ပြု တယ်လေ။ အခုလို နှစ်သစ်ကူး ရက်တွေမှာဆို ကျနော်တို့ မျှော်လင့်တာကတော့ သူတို့ ဘ၀မှာ ပျော်ရွှင်မှုတွေ ပြီးပြည့်စုံစေဖို့နဲ့ သူတို့ ကိုအမြဲအားပေးနေတာကိုလဲ သိစေချင်တယ်” ဟု ပြောသည်။

ယခုလို ဂုဏ်ပြုခံရသောကြောင့် အလွန်ဝမ်းသာ ပီိတိဖြစ်မိကြောင်း အမှတ်(၁) ကော်မူးရာ အထက်တန်း ကျောင်းအုပ် ဆရာမကြီး နော်မူးဒေးကဲက ပြောသည်။

သူမက“အခုလို ကျောင်းသားဟောင်းတွေ စုပြီး ကျမတို့ကို ဂုဏ်ပြုတဲ့အတွက် အရမ်းဝမ်း သာပါတယ်။ သူတို့တွေတင် မကဘူးပေါ့နော် ကျန်တဲ့ ကျောင်းသား တွေအားလုံးကို လဲ ဒီပညာရေး ဖက်မှာ ဆက်လက်ပြီးတော့ ဒီ့ထက် ပိုပြီးကြိုးစား စေချင်တယ်”ဟု ပြောသည်။

ယခုအချိန်တွင် ကရင်လူငယ်များအနေဖြင့် ပညာရေးဖက်တွင် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ပြီး ၎င်းတို့၏ ရိုးရာဓလေ့များကို တန်းဖိုးထား သိရှိနားလည်စေချင်သည်ဟု သူမက ဆက်ပြောသည်။

ကျောင်းဆရာ ဆရာများသည် အင်မတန် အတုယူဖို့်ကောင်းပြီး ယခုကဲ့သို့ ကိုယ်တိုင် ဂုဏ် ပြုခဲ့ရသဖြင့်  မိမိကိုယ်ကိုယ်လည်း ဂုဏ်ယူသည်ဟု အုန်းဖျန်ဒုက္ခသည်စခန်းရှိ ကော်လား ကောလိပ် ကျောင်းသူ  နော်ဂျွိုက်က ပြောသည်။

သူမက “သူတို့ရဲ့အနစ်နာခံတတ်တဲ့ စိတ်တွေ ကျမတို့တွေအတွက် အချိန်တွေ အများကြီး ပေးဆပ်ခဲ့တာတွေကို ကြည့်မယ်ဆိုရင် အရမ်းကို အတုယူဖို့ ကောင်းတယ်။ ဒီလိုပုဂ္ဂိုလ်တွေကို ကျမက ဂုဏ်ပြုရတာကိုလဲ ဂုဏ်ယူတယ်”ဟု ပြောသည်။

ယခုလို ကော်မူးရာ ကျောင်းသား၊ ကျောင်းသူဟောင်းများမှ စုပေါင်းပြီး  ကျောင်းဆရာ၊ ဆရာ မများအား ဂုဏ်ပြုခြင်းသည် (၅)ကြိမ်မြောက်ဖြစ်ပြီး ၎င်းဂုဏ်ပြုပွဲအခမ်းအနားသို့ ကျောင်းသူကျောင်း သားနှင့် ကျောင်းဆရာ ဆရာမများအပါအ၀င် လူထုပရိဿတ် ၄၀၀ကျော် တက်ရောက်ခဲ့သည်။

ထို့အပြင် အဆိုပါ အခမ်းအနားတွင် ကရင်နှစ်သစ်ကူးနေ့ စတင်ဖြစ်ပေါ်လာပုံ၊ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကေအာရ်စီ-ကရင်ဒုက္ခသည်များကော်မတီ အပါအ၀င် တစ်ခြားသော အဖွဲ့ အစည်းများမှ ပေးပို့လာသည့် သ၀ဏ်လွှာများကို ဖတ်ကြားခဲ့သည်။

ဂုဏ်ပြုပွဲအစီစဉ် နောက်ပိုင်းတွင် ကရင်ရိုးရာဒုံးယိမ်းအက၊ ၀ါးညှပ်အကနှင့် ကြိုးဖြေအကများ အပြင် ချောတိုင်တက်ပွဲ၊ တာတိုအပြေးပြိုင်ပွဲနှင့် တစ်ခြားသော ပြိုင်ပွဲများကိုလည်း ကျင်းပခဲ့ သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ