![]() |
Photo - Internet |
ကရင်ပြည်နယ်မြောက်ပိုင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ(၂)နယ်မြေ တောင် ငူခရိုင်ဘက်တွင် အခုလဆန်းပိုင်းအတွင်း အစိုးရစစ်ရဟတ်ယာဉ်(၃)ကြိမ်ထက်မနည်း ပျံသန်းသွား လာနေတာကြောင့် ဒေသခံများက အလွန်စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်လှမင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အောင်ကျော်ဇောနဲ့ တပ်မ(၆၆)တပ်မမှူး ၀င်းဘိုရှိန်တို့ စီးနင်းလာတဲ့ အစိုးရစစ်ရဟတ်ယာဉ်တစ်စီးဟာ အခုလ ဇန်န၀ါရီလ ၁ ရက်နေ့ မွန်းလွဲ၂နာရီခန့်မှာ တပ်မ(၆၆)လက်အောက်ခံ တပ်ရင်း အခြေစိုက်ရာ ဘောဂလိကြီးစခန်းမှာ တစ်ကြိမ်၊ ၂ရက်နေ့မှာဘူဆာခီးနဲ့တိပ်ပုစခန်းတို့မှာတစ်ကြိမ်စီ တပ်စခန်း တည်ဆောက်မှု အခြေအနေ များကို လာရောက်ကြည့်ရှုခဲ့တာကြောင့် ဒေသခံပြည်သူတွေဟာ ကေအဲန်ယူနဲ့ အစိုးရအကြား စစ်ပြန် ဖြစ်မှာကို အလွန်စိုးရိမ်နေကြတယ်လို့ တောင်ငူခရိုင် ဥက္ကဌ ပဒိုစောအယ်ဝါးက ပြောပါတယ်။
သူက “ရှေ့တန်းတပ်စခန်း တွေကို အရင်က ထက်ပို ပြီးခိုင်အောင်လို့ အုတ်တွေ သစ်လုံးကြီး တွေရယ် ပြီးတော့ သွပ်တွေနဲ့အရင် ကထက်ပိုကောင်း အောင်ပြင်တယ်လေ။ အဲဒါကြောင့်လဲ ဒေသခံတွေက နောက်တစ်ခါ တိုက်ပွဲ ပြန်ဖြစ်မှာကို အလွန်စိုးရိမ်နေကြတယ်”ပြောပါတယ်။
ကေအဲန်ယူနဲ့ မြန်မာအစိုးရတို့အကြား နှစ်ဘက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁၂ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ကြသည်။
No comments:
Post a Comment