Friday, January 18, 2013

ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ဦး မိုင်းထိမှန်၍ ခြေတစ်ဖက်ပြတ် သွားခဲ့

Photo- KSNG
ဇန်န၀ါရီလ ၁၉ရက်။ စောလှခမူး(ကရင်ကျောင်းသားများကွန်ယက်) 

ကရင်ပြည်နယ်၊မ၀တီမြိ့နယ် မယ်ကနဲကျေးရွာအနီးတွင် တိုးတက်  သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင်တစ်ဦးသည် ယမန်နေ့ နံနက် ၁၀နာရီခွဲအချိန်တွင် မြေမြှုပ်မိုင်းဟောင်း တစ်လုံး တက်နင်းမိ ညာဘက်ခြေ တစ်ဖက်ပြတ်သွားခဲ့သည်ဟု သိရသည်

အဆိုပါ မိုင်းထိမှန်သည့် ဒီကေဘီအေ တပ်ဖွဲ့ဝင် စောဖားဒိုခို (၂၇)နှစ်သည် မယ်ကနဲကျေးရွာ အရှေ့ မြောက်ဘက်မနီးမဝေးတွင် အခြေစိုက်လှုပ်ရှားသည့် ဒီကေဘီအေ တပ်ရင်း(၉၀၉) တပ်ခွဲ (၃)မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သည်။ 

ဒီကေဘီအေ တပ်ရင်း ၉၀၉ တပ်ခွဲ (၃)မှ တပ်မှူးတစ်ဦးက “ကျနော်တို့ တပ်ခွဲထဲကပဲ။ ထိထိချင်းမှာပဲ ကျနော်တို့ မြ၀တီကနေတစ်ဆင့် မဲဆောက်ဆေးရုံကြီးကို ပို့လိုက်တယ်။ မိုင်းကတော့ အဟောင်းပဲ။”ဟု ပြောသည်။ 

၎င်းဒီကေဘီအေ တပ်ဖွဲ့ဝင်မိုင်းထိမှန်သည့် နေရာတွင် ယခင်က နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များနေထိုင် ခဲ့သည့် နေရာပြီးဖြစ်ပြီး ဒေသခံ ရွာသားများ အိမ်မိုးဖက်အတွက် အင်ဖက်များ အမြဲတမ်းလိုလို သွားကောက်ခဲ့သည့် နေရာများလည်းဖြစ်သည်။

“အမှန်တော့ အဲဒီနေရာက မိုင်းရှင်းလင်းမှုတွေကို ကျနော်တို့ လုပ်ဆောင်ခဲ့ပြီးပြီ။ ရွာသားတွေလည်း အမြဲတမ်း အင်ဖက်တွေသွားကောက်နေကြပါ။ အခုတော့ ကျနော်တို့တပ်ဖွဲ့ ၀င်တွေကိုလည်း နေရာရွှေ့လိုက်ပြီ။ ရွာသားတွေလည်း တစ်ယောက်မှ သွားလို့ရဲမှာမဟုတ်တော့ဘူး။” အဆိုပါ ဒီကေဘီအေ တပ်မှူးက ဆက်ပြောသည်။ 

ထို မိုင်းပေါက်ကွဲရာ ဒေသတ၀ိုက်တွင် အစိုးရစစ်တပ်မှ ခမရ ၂၇၅၊ နယ်ခြားစောင့်တပ် ၁၀၁၁တပ်ရင်း၊ ဒီကေဘီအေ ၉၀၉တပ်ရင်း၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၆) အထူးစစ်ကြောင်း တပ်ဖွဲ့ဝင်များလည်း လှုပ်ရှားလျှက်ရှိသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ