Friday, January 18, 2013

ရွာသုံးရွာစုပေါင်းပြီး ကရင်နှစ်သစ်ကူကျင်းပပွဲ ကိုလူတစ်ထောင်ကျော် တက်ရောက်

Photo- KSNG
ဇန်န၀ါရီလ ၁၈ရက်။ ၂၀၁၃ခုနှစ်
  ကစော (ကရင်ကျောင်းသားများကွန်ယက်)
ကရင်ပြည်နယ် ကော့ကရိမြို့နယ်ရှိ ရွာသုံးရွာစုပေါင်းပြီး ကရင်နှစ် ၂၇၅၂နှစ်သစ်ကူပွဲကို မူးယစ်ဆေးဝါ နဲ့ လောင်းကစားကင်းရှင်းစွာနဲ့ ကျင်းပစီကားရာ လူတစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

နိုဖိုး၊ မဲကနဲနဲ့ ထီမူးထ ကျေးရွာတို့စုပေါင်းပြီး ၃၄ကြိမ်မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကိုကျင်းပပြီးစီခဲ့ပြီး အဲ့ဒီကျေးရွာအုပ်စုနဲ့နီးတဲ့ ရွာသူရွာသားတချို့နဲ့ နယ်စပ်မှာရှိတဲ့ကရင်တွေလည်း ပါဝင်ဆင်နွဲကြပါတယ်။

ကရင်ပြည်နယ်မှာ ကရင်နှစ်သစ်ကူးကို ကျင်းပပြုလုပ်တာ မထူခြားပေမဲ့ မူးယစ်ဆေးဝါးနဲ့ လောင်းကစားကို ပိတ်နိုင်ခဲ့တယ်လို့  ကျေးရွာအုပ်စု ဥက္ကဌ စောဒိဖိုးက အခုလိုပြောပါတယ်။

“ဒီနှစ်နှစ်သစ်ကူးမှာ ကျနော်အရမ်းကျေနပ်အားရမိတယ် ကျနော်တို့ပွဲလုပ်တိုင်း မူးယစ်ဆေးဝါး နဲ့ လောင်းကစား တွေကို ပိတ်ခဲ့တယ် အစကတော့ သိမ်မရဘူးပေါ့ ဒါပေမယ့် နည်းနည်းကောင်း လာတာကို တွေ့ရတယ် အခုတော့ အပြီးအပိုင်ပိတ်နိုင်ခဲ့ပြီး”

အဲ့ဒီဒေသက ပွဲကျင်းပတိုင်းမှာ လောင်းကစားနဲ့မူးယစ်ဆေးဝါးကို ပိဖို့ ကျေးရွာအုပ်စု ဒေသခံတွေမက တခြားနယ်မှာလာပြီး ပွဲဈေးလာရောင်းတဲ့ သူတွေကိုပါ လက်ခံနိုင်အောင် နယ်မြေခံတာဝန်ရှိသူတွေက ရှင်းပြရတဲ့အပြင် စည်းကမ်းတွေ ချထားနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို မူးယစ်ဆေးဝါးနဲ့ လောင်းကစားတွေကို ပိတ်ထားတဲ့အတွက် နှစ်သစ်ကူးမှာ ပွဲဈေးရောင်း တဲ့ နောမူညိုက အခုလိုပြောပါတယ်။

“ဒီလို မူးယစ်ဆေးဝါးနဲ့လောင်းကစားတွေပိတ်ထားတာ ကောင်းတယ် မဟုတ်ရင် အရက်မူးရန်ဖြစ်တဲ့သူတွေ ရှိဦးမယ် ဒီမှာ အပြတ်ပဲပိတ်ထားတယ်လေး ကျမကတော့ အစားအစာတွေပဲရောင်းတယ်”

ဒီနှစ်သစ်ကူးပွဲမှာ ဒိုးယဉ်းအက၊ လက်ဝှေ့ပွဲ၊ ဘောလုံး၊ ပြဇာတ် နဲ့ ကရင်ရိုးရာယဉ်ကျင်းမှုအက တည်း အဆိုတွေနဲ့ ကျင်းပစီကားသွားပါတယ်။


No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ