Saturday, January 26, 2013

အမေရိကန်အနေနဲ့ ဒုက္ခသည် များကို နောက်ဆုံး အကြိမ် ခေါ်ယူမည်


Photo by KSNG
ဇန်န၀ါရီလ ၂၆။ စောလခင်မူး (ကရင်ကျောင်းသားများ ကွန်ယက်)

ထိုင်းမြန်မာနယ်စပ် မယ်လ ကရင်ဒုက္ခသည် စခန်းတွင် ဒုက္ခသည်များ ဆိုင်ရာ အမေရိကန် (Principal Deputy Assistant Secretary for Bureau of population refugees and migration US Department of state) (Mr.David Robinson) တာဝန်ရှိပုဂ္ဂိုလ် တသီးဖြစ်သူ မစ္စတာ ဒေးဗစ်ရိုဘိုင်စန်သည် ဒုက္ခသည် များ အနေဖြင့် အမေရိကန်နိုင်ငံသို့ ထွက်ခွါရန် ကြောင်းနှင့် ပတ်သတ်သော အချက်အလက်မျာကို ရှင်း လင်းခဲ့သည်။


အဆိုပါ ထိုရှင်းလင်းပွဲကို ဇန်န၀ါရီလ ၂၅ ရက် မနက် ၉ နာရီမှ ၉ နာရီခွဲအထိ မယ်လဒုက္ခသည် စခန်း ရှိ ဘောလုံးကွင်းတွင် ပြောကြားခဲ့သည်။

တတိယနိင်ငံသို့ ထွက်ခွါရန်ဆန္ဒ ရှိနေသော ဒုက္ခသည်များအား နောက်ဆုံးအကြိမ်ဖြင့် သာခေါ် ယူရန်ရှိ ကြောင်း မစ္စတာ ဒေးဗစ်ရိုဘိုင်စန်က ပြောသည်။ 

သူက ̏ အမေရိကန်နိုင်ငံသို့ ထွက်ခွာချင်သော သူမျာသည် ထိုင်းအစိုးရမှ အသိအမှတ် ပြုခံထားရသော သူများဖြစ်ရမှာ ဖြစ်ပြီး ထိုသူများအားလုံးကိုလဲ လာမည့် ဇွန်လိုင်လ ၅ ရက်နေ့ နောက်ဆုံးထားပြီး လက် ခံသွားတော့မှာဖြစ်တယ် ဟု˝ ပြောသည်။

ယခုလို အမေရိကန် နိုင်ငံသို့ ထွက်ခွါရန် နောက်ဆုံး အခွင့်အရေး သာရှိတော့ကြောင်းကို လာရောက်ပြော ဆိုခြင်းမှာလဲ ပထဦးဆုံး အကြိမ်ဖြစ်သည်။

ဒုက္ခသည်များ တတိယနိုင်ငံသို့ ထွက်ခွါရန်တွက် ရပ်ဆိုင်းလိုက်ခြင်းမှာ အမေရိကန် တနိင်ငံတည်း သား ဖြစ်ကြောင်း မယ်လဒုက္ခသည်စခန်းရဲ့ ဒုဥက္ကဌ စောကဲ ကပြောသည်။

သူက ̏ ဒီမနက်မှာ သူတို့လာပြောပုံ အရဆိုရင်တော့ အမေရိကန် တနိင်ငံတည်းကို ပဲရပ်ဆိုင်းတော့မှာ ဖြစ် တယ်လေ တခြားနိင်ငံတွေတော့ မပါသေးဘူး လေ အခုလိုကြိုပြီးပြော ထားတော့လဲ ကောင်းပါ တယ် ဟု˝ ပြောသည်။

အခုလိုလာရောက်ပြီး ရှင်းလင်းပေးသော အဖွဲ့အစည်းများမှာ US Embassy, UNHCR, IOM, RSC ထိုင်းအာဏာပိုင်များနှင့် စခန်းကော်မတီ တာဝန်ရှိသူများလဲ ပါဝင်သည်။

အမေရိကန်နိင်ငံသို့ ထွက်ခွါရန်တွက် အခွင့်အရေးရှိသော သူများမှာ UNHCR အပြည်ပြည် ဆိုင်ရာ ဒုက္ခသည်များမဟာ မင်းကြီးရုံး နှင့် ထိုင်းအစိုးရမှ အသိမှတ်ပြု ခံရသေးသော သူမျာ သာဖြစ်ပြီး ထိုအသိမှတ်ပြုခြင်း မခံရသေးသော သူမျာမပါဝင်ကြောင်းသိရသည်။

မယ်လဒုက္ခသည်စခန်း တခုထဲတွင် UNHCR မှအသိမှတ်ပြုခြင်းခံရပြီး အမေရိကန်သို့ ထွက်ခွာ သွား သောသူမျာ မှာ ၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တစ်သောင်းကျော် ရှိသွားပြီလို့ လဲသိ ရ သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ