Friday, January 25, 2013

မြန်မာနိင်ငံ ကျောင်းသားလူငယ်များ ကွန်ယက်အဖွဲ့ မှပြုလုပ်သော လူငယ် ရက်တို သင်တန်း ပြီးဆုံး

Photo by KSNG
ဇန်န၀ါရီလ ၂၅။ စောဖိုးထူး (ကရင်ကျောင်းသားများ ကွန်ယက်)

ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့ တနေရာတွင် SYCB မြန်မာ နိင်ငံ ကျောင်းသားလူငယ်များ ကွန်ယက်အဖွဲ့မှ ကြီးမှူးပြုလုပ်သည့် Exchange for Change  ဟူသော ခေါင်းစဉ်ဖြင့် ရက်တိုသင်တန်းတခုကို ဇန်န၀ါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့ထိ  ၃ ရက်ကြာပြုလုပ်ခဲ့သည်။


ပြည်တွင်း၊ ပြည်ပနှင့် နယ်စပ်မှ လူငယ်ခေါင်းဆောင်များ ၆၀ခန့် တက်ရောက်ခဲ့ကြသည့် ထိုသင်တန်းတွင် လူငယ်ကွန်ယက်နှင့် ဆိုင်သောအကြောင်းအရာများနှင့် လတ်တလော ဖြစ် ပျက်နေသော မြန်မာနိင်ငံ ၏ နိုင်ငံ ရေးနှင့် နိင်ငံတကာအခြေ အနေများကို ဆွေးနွေးဖလှယ်ခဲ့ကြသည်။


မြန်မာနိင်ငံ၏ နိုင်ငံရေး အခြေအနေသည် ပြည်တွင်း ပြည်ပမှ လူငယ်များနှင့်လည်း သက်ဆိုင်ပြီး ၎င်းတို့ အချင်းချင်း စုပေါင်းဆွေးနွေး ခြင်းအားဖြင့် ရှေ့ဆက်လုပ်ဆောင် ရမည့်လုပ်ငန်းစဉ်အတွက် ကြီးမားသော အင်အား ဖြစ်စေ သည်ဟု  ကရင်လုငယ် အစည်းအရုံး (ကေ၀ိုင်အို)မှ ဒုဥက္ကဌ ပဒိုစောအယ် ကလူစေး က ပြောသည်။



သူက“ ပြောင်းလဲနေတဲ့ မြန်မာနိင်ငံ အခြေအနေဟာ ပြည်တွင်းပြည်ပက လူငယ်တွေ အားလုံး နဲ့ လည်း သက်ဆိုင် တယ်လေ။ အခုလို ၀ိုင်းဆွေးနွေးကြတော့ ကျနော်တို့တွက် အများကြီးအား ရှိတာပေါ့နော်။ ပြီးတော့ ရှေ့ဆက် သူတို့တွေ ဒီလိုလက်တွဲပြီး အတူတကွ အများကြီး လုပ်ဆောင်နိုင် သွားနိုင်မှာပါ”ဟု ပြောသည်။


ယခင်က လူငယ်အချင်းချင်းကြားတွင် ရပ်တည်ချက်များ မတူညီခဲ့ကြသော်ငြားလည်း မြန်မာပြည် တပြည်လုံး အပြောင်းအလဲများ ရှိလာစေရန်တွက် လူငယ်များကို တာဝန်များခွဲဝေပေးပြီး အတူတကွ ပူးပေါင်းလုပ် ဆောင် သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။


လူငယ်များ အမှန်တကယ်စုစည်း ညီညွတ်ပြီး အတူတကွ လုပ်ဆောင်သွားမည်ဆိုပါက တိုင်းရင်းသားများအတွက် သာမက တစ်တိုင်းပြည်လုံးအတွက် အကျိုးအမြတ် ရရှိလိမ့်မည်ဟု ယူဆကြောင်း ပြည်တွင်းမှ ကယားလူငယ် ခေါင်းဆောင်တဦးဖြစ်သူခွန်အသန်းက ပြောသည်။


သူက “ကျနော်တို့သာ စုစည်းမှုတွေရပြီး ညီညီညွတ်ညွတ်နဲ့ အပြန်အလှန် နားလည်မှုတွေသာ လုပ်သွားမယ်ဆိုရင် ကျနော်တို့ အတွက်ကြီးပဲ မဟုတ်ဘူး တတိုင်းပြည်လုံး အတွက်လဲ အကျိုးရှိ မယ်လို့ ယူဆတယ်“ဟု ပြောသည်။


သုံးရက်ကြာ ပြုလုပ်ခဲ့သည့် ထိုရက်တိုသင်တန်းတွင် လက်ရှိ ငြိမ်းချမ်းရေး ကိစ္စအကြောင်း အရာများ အပြင် ကချင်ဒေသမှ အစိုးရ၏ ထိုးစစ်ဆင်မှု နှင့်ပတ်သတ်သော အကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရှိရသည်။


ထို့အပြင် လက်ရှိ အစိုးရနှင့် တိုင်းရင်းသားများအကြား သဘောထားများနှင့် ရှေ့လုပ်ငန်းစဉ် အကြောင်း အရာများကိုလည်း ညီညွတ်သော ဖယ်ဒရယ်ကောင်စီ-UNFC  မှ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် တခြားသော နိင်ငံခြားသား ပညာရှင်နှစ်ဦးလည်း တက်ရောက် ဆွေးနွေခဲ့ကြသည်။



ထိုသင်တန်းတွင် ပြည်တွင်းပြည်ပမှ တိုင်းရင်းသား ကိုယ်စားပြု အဖွဲ့ ၁၀ ဖွဲ့ကျော်နှင့် ကိုးရီယား (Haja Production School)  အနုပညာကျောင်းမှ လူငယ်များလည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ