Photo-KSNG |
ဇန်န၀ါရီလ ၂၆ရက်။ စောလှခင်မူး (ကရင်ကျောင်းသားများ ကွန်ယက်)
ပြည်တော်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် မြန်မာအစိုးရ အဖွဲ့နှင့် ဗိုလ်ချုပ် စောလား ပွယ်ဦး ဆောင်သည့် ဒီကေဘီအေ ကလိုထူးဘောအဖွဲ့တို့သည် ဇန်န၀ါရီလ ၂၂ရက်နေ့က ကရင်ပြည် နယ်၊ မြ၀တီမြို့၊ အေးချမ်းဖြိုးဧည့်ရိပ်သာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုဆွေးနွေးပွဲမှာ ဒီကေဘီအေဘက်မှ နယ်ခြားစောင့်တပ်၊ တပ်ဖွဲ့များ၏ လက်နက် ၃၀ကျော်သိမ်းယူ သည့်ကိစ္စကို ပြန်လည်ပေးအပ်ရန် နှင့် တပ်မိသားစုများ ရပ်တည်နိုင်ရန်အတွက် စီးပွားရေလုပ်ကွက် များ ချထားပေးရန်တို့ကို အဓိက ဆွေးနွေးခဲ့သည်ဟု ဒီကေဘီအေ၏ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေးက ပြောသည်။
သူက “ဒီဆွေးနွေးပွဲမှာ သိမ်းထားတဲ့ လက်နက်တွေ ပြန်ပေးဖို့ကိစ္စတွေအပြင် ကျနော်တို့ဖက်က ဆက်ဆံရေးရုံးတွေ ဆက်လက် ဖွင့်လှစ်သွားဖို့ရှိတယ်။ ပြီးတော့ကျနော်တို့ ဒီကေဘီအေတပ်ဖွဲ့ရဲ့ တပ်တည် နေရာတွေအတွက်လဲ သတ်မှတ်ပေးဖို့ ပြောဆို ဆွေးနွေးခဲ့တယ်”ဟု ပြောသည်။
ဒီကေဘီအေဘက်မှ ဆက်ဆံရေးရုံး ဖွင့်လှစ်ရန်အတွက် ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကျိုက်ဒုံနှင့် မြိုင်ကြီးငူနေရာများတွင် ဆက်လက် ဖွင့်လှစ်သွားရန် ဆွေးနွေးခဲ့သော်လည်း မည်သည့်အချိန်တွင် ဖွင့်လှစ်မည်ကို အတိအကျပြောကြားခြင်းမရှိပေ။
Photo-KSNG |
အဆိုပါ ဆွေးနွေးပွဲတွင် ဒီကေဘီအေဘက်က စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောလားပွယ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ စစ်ကွပ်ကဲရေးမှူးများဖြစ်ကြသည့် ဗိုလ်မှူးချုပ် စောကျော်သက်၊ ဗိုလ်မှူး ချုပ်စောဘိ၊ ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်နှင့် ဗိုလ်မှူးမောင်လေး တို့တက် ရောက်ခဲ့ ကြသည်။
အစိုးရဘက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း၊ ဦးခင်ရီ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ နယ်ခြား စောင့်ညွန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်မောင်မောင်အုန်းနှင့် အခြားခေါင်းဆောင်များ တက်တက် ရောက်ခဲ့ကြသည်။
ဗိုလ်ချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေ ကလိုထူးဘောတပ်ဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်သောင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော် ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။ ယခုလို ဒီကေဘီအေနှင့် ပြည် ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း တို့တွေ့ ဆုံခြင်းသည် ပထမဦးဆုံးအကြိမ်လည်း ဖြစ်သည်။
No comments:
Post a Comment