Friday, January 25, 2013

ကရင် ငြိမ်းချမ်းရေးကောင်စီအား နိုင်ငံရေးပါတီထောင်ရန် ဦးအောင်မင်း တိုက်တွန်း

ဇန်န၀ါရီလ ၂၅ရက်။ စောဖိုးထူး  (ကရင်ကျောင်းသားများ ကွန်ယက်)

ဗိုလ်ချုပ်ထင်မောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအနေဖြင့် ပါတီတစ်ခုထောင် (သို့မဟုတ်)ကရင်ပါတီတစ်ခုခုနှင့်ပူးပေါင်းပြီး လာမည့် ရွေးကောက်ပွဲတွင်ဝင်ရောက်အရွေး ခံရန်  မြန်မာအစိုးရ၏  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ပြည်ထောင်စု
ဝန်ကြီး ဦးအောင်မင်း က တိုက်တွန်းခဲ့သည်ဟု သိရှိရသည်။


ပြီးခဲ့သည့် ဇန်န၀ါရီလ ၂၁ရက်နေ့တွင် ၀န်ကြီးဦးအောင်မင်းဦးဆောင်သည့် မြန်မာအစိုးရငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေးအဖွဲ့နှင့် ဗိုလ်ချုပ် ရင်နုဦးအောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့ဝင် ၈ဦးသည် ကရင်ပြည်နယ်၏ မြို့တော် ဖားအံမြို့၊ တပ်မ ၂၂ ဧည့်ခန်းမဆောင်တွင် တွေဆုံဆွေးနွေး ခဲ့ရာတွင် ယခုကဲ့သို့ ၀န်ကြီးဦးအောင်မင်းက တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ဆွေးနွေပွဲတွင် ပါဝင်ခဲ့သူ ကရင်ငြမ်းချမ်းရေး ကောင်စီမှ အရာရှိတဦးဖြစ်သူ စောတင်ဝင်း က“ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ထဲမှာ လက်ရှိ ကရင်တွေကို ကိုယ်စားပြုတဲ့ ပါတီတွေ အများကြီးရှိ တယ်ပေါ့နော်။ အဲဒီအဖွဲ့တွေနဲ့ ပူးပေါင်းလက်တွဲ ပြီးပါတီဖွဲ့ ပါလို့ ဦးအောင်မင်းက ကမ်းလှမ်း ခဲ့တယ်”ဟု ပြောသည်။

သို့သော် ဦးအောင်မင်း၏ တိုက်တွန်းချက်သည် သွယ်ဝိုက်သည့်နည်းဖြင့် လက်နက်ချရန် ဖိအားပေး သည့် လမ်းစဉ် တစ်ခုဖြစ်သောကြောင့် ကရင်ငြိမ်းချမ်းရေး ကောင်စီအနေဖြင့် လက်မခံနိုင်ကြောင်း သူကပင် ဆက်ပြောသည်။

၎င်းက“ကျနော်တို့ ကတော့ အမျိုးသားခေါင်းဆောင် စောဘဦးကြီးရဲ့ မူ ၄ ချက်အပေါ်မှာပဲ ရပ်တည် ထားတော့ ပါတီသာ ၀င်ခဲ့မယ်ဆိုရင် ကျနော်တို့ဟာ လက်နက်ကိုင် အဖွဲ့အစည်းကနေ အရပ်သားဖက်ကို အလိုလိုနေရင်းနဲ့ပဲ အသွင်ကူးပြောင်း သွားသလို ခံစားရတဲ့ အတွက်လုံးဝလက်မခံနိင်ဘူး”ဟု ပြောသည်။

ထို့အပြင် ၀န်ကြီးဦးအောင်မင်းနှင့် ငြိမ်းချမ်းရေးကောင်စီတွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းရေး ကောင်စီ တပ်ဖွဲ့ဝင်များ ရှေ့ဆက် ရပ်တည်နိုင်ရေးအတွက် စီးပွားရေးလုပ်ကွက်များနှင့် တွင်း ထွက်ပစ္စည်းများ တူးဖော်ရေးတို့ကို လမ်းစပေးခဲ့သည်ဟု ကရင်ငြိမ်းချမ်းရေးကောင်စီက ပြောသည်။

ဗိုလ်ချုပ် ထင်မောင်ဦးဆောင်သည့် ကရင်ငြိမ်းချမ်းရေးကောင်စီသည် ပြီးခဲ့သည့် ၂၀၀၇ခုနှစ်တွင် ကေအဲန် ယူ -ကရင်အမျိုးသားအစည်းအရုံးမှခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူခဲ့ သော်လည်း ၂၀၁၀ခုနှစ်တွင် စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံခဲ့ပေ။

၂၀၁၂ခုနှစ် ဖေဖော်ဝါရီလတွင် ဦးအောင်သောင်း ဦးဆောင်သည့် မြန်မာအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ