Monday, February 11, 2013

မဲဆောက်ြမို့ ရန်ပုံငွေပွဲတော် တခုတွင် အဆိုတော် ကောင်းကောင်း ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေ

Photo by KSNG
ဖေဖော်ဝါရီလ ၁၂ရက်။ စောဖိုးထူး(ကရင်ကျောင်းသားများကွန်ယက်)

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ မယ်တောင်ဆေးခန်းတွင် ကျင်းပသော ၎င်းဆေးခန်းရှိ Sunday School ကျောင်သူ ကျောင်းသားများအတွက် ရံပုံငွေပွဲတွင် မြန်မာနိင်ငံမှ နာမည်ရ ကရင်အဆိုတော် ကောင်းကောင်း နှင့် အခြား ကရင်အဆိုတော်များက လာရောက်သီဆိုဖျော်ဖြေခဲ့ကြသည်။


ဖေဖော်ဝါရီလ ၉ ရက်နေ့ ထိုင်းစံတော်ချိန် ည၇ နာရီမှ ၁၂ နာရီထိကျင်းပပြုလုပ်ခဲ့သည့် ထိုရံပုံငွေပွဲတွင်  အစီအစဉ် ပထမပိုင်းအနေဖြင့် (MTC Unity Band ) အဖွဲ့မှ စတင်သီဆိုဖျော်ဖြေ ခဲ့ပြီးနောက်ပိုင်းတွင် အဆိုတော် ကောင်းကောင်း၏ ဒူးလေလေ တီးဝိုင်းအဖွဲ့ တို့က ဆက်လက်ဖျော်ဖြေပေးခဲ့သည်။

ကရင်အဆိုတော် ကောင်းကောင်းက ကျနော့်အနေနဲ့ အခုလိုလာရောက် သီဆိုခွင့်ရတဲ့ အတွက်အရမ်းကို ၀မ်းသာတာပေါ့နော်ဘာကြောင့်လဲ ဆိုတော့  ကျနော့်ရဲ့ လူမျိုးတွေတွက် တဖက်တလမ်း ကနေ ပေးဆပ်ခွင့် ရလို့ပါပ ”ဟု ပြောသည်။

ကရင်အမျိုးသားဖြစ်သူ အဆိုတော်ကောင်းကောင်းသည် ၂၀၀၉ခုနှစ်၌ ကျင်းပပြုလုပ်ခဲ့သည့် Melody World တေးသံရှင် ရွေးချယ်ပွဲ အစီအစဉ်တွင် လူသိများလာသော အဆိုတော် တစ်ဦးဖြစ်သည်။

ပွဲလာကြည့်ရှုသူ ဆယ်ကျော်သက်အရွယ် နော်ရစ်ချက်ဖေါက“ကျမက သီချင်းဆိုတာ အရမ်းလည်း ၀ါသနာပါတယ်။ ကိုကောင်းကောင်းရဲ့ ပွဲကို လာကြည့်ရတဲ့ အတွက် အရမ်း အားတက်သွားတယ်။ သူနာမည်ကြီး သလို ကျမလည်း နံမည်ကြီး ချင်တယ် ”ဟု ပြောသည်။

ထိုရံပုံငွေပွဲတွင် မယ်တော်ဆေးခန်း မိသားစုဝင်များ၊ မဲဆောက်မြို့ရှိ NGOs နှင့် လူထုအခြေပြု အဖွဲ့အစည်းများ အပါအ၀င် လာရောက်ကြည့်ရှုသူ ပရိဿတ် ၆၀၀ ကျော်ခန့် ရှိသည်။   

ဒေါက်တာစင်သီယာမောင် ဦးဆောင်ဖွင့်လှစ်ထားသော မယ်တောင်ဆေးခန်းတွင် လာရောက်သီဆိုဖျော်ဖြေ ခြင်းသည် ကောင်းကောင်းအနေဖြင့် ပထမဦးဆုံးအကြိမ်သာ ဖြစ်ပြီး သူနှင့်အတူ ကရင်အဆိုတော်များ ဖြစ်ကြသော ၀ိုင်ရို၊ အီးဘိုင်းဘိုင်၊ ဆဲဖောရှီးဟဲ၊ ထီးမူးဖေါ နှင့် ဟဲနဲမူးယာ တို့လည်း ပါဝင် သီဆိုခဲ့ကြသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ