Monday, February 11, 2013

(၆ ) ကြိမ်မြောက် KWO ညီလာခံ ကျင်းပပြီးစီး


Photo-Internet
ဖေဖေါ်ဝါရီလ  ၁၁ ရက်။ စောဖိုးထူး (ကရင်ကျောင်းသားများ ကွန်ယက်) 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး ထိန်းချုပ်နယ်မြေ တပ်မဟာ (၇) လေးဝါး စခန်းတွင်  ဆဌမအကြိမ်မြောက် ကရင်အမျိုးသမီး အစည်းအရုံး -KWO ညီလာခံကို  ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၈ ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့ကြသည်။ 




ထို ၈ရက်ကြာပြုလုပ်သော ညီလာခံတွင် ခရိုင် ၇ခုမှ ကိုယ်စား လှယ်များ၊ အထူးဒေသမှ ကိုယ်စားလှယ်များနှင့် ပြည်တွင်းမှ ဖိတ်ကြားထားသော လူထုအခြေပြု အဖွဲ့အစည်းများ နှင့် လေ့လာ သူများအပါအ၀င် စုစုပေါင်း (၁၃၈) ဦးတက် ရောက်ခဲ့သည်ဟု သိရသည်။ 

ယင်းညီလာခံတွင် အဖွဲ့အစည်း၏ ရှေ့လုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ် ငန်းစဉ်များ ချမှတ်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြည့်စွက်ပြင်ဆင် အတည်ပြုခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်ဟု ကရင်အမျိုးသမီးအစည်းအရုံးက ပြောသည်။

KWO ၏ ပြောရေးဆိုခွင့်ရှိသူ နော်ဝါးခူရှီးက “ရှေ့လုပ်ငန်းစဉ်အနေနဲ့တော့ ကျမတို့ ကရင်အမျိုးသမီး ရုံးခွဲတွေကို ပြည်တွင်းမှာ ပိုပြီး တည်ဆောက်သွားဖို့ရယ်၊ ပြည်တွင်းက အဖွဲ့ဝင်တွေကိုလည်း ပိုမို များပြားလာအောင် စည်ရုံးလုပ်ဆောင်သွား ပြီးတော့ လူထုအခြေပြု အဖွဲ့အစည်း တွေနဲ့လည်း ဆက်လက်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့  ရှိတယ်” ဟု ပြောသည်။
 
ထို့အပြင် လက်ရှိ KNU ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာအစိုးရတို့အကြား ပြုလုပ်လျှက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဒုက္ခသည်များအား နေရာပြန်လည် ချထားရေးလုပ်ငန်းများနှင့် လူ့အ ခွင့်ရေးချိုးဖောက်မှု ဆိုင်ရာ ကိစ္စရပ်များ၌ ၎င်းတို့ အမျိုးသမီး အစည်းအရုံးအနေဖြင့်  ပူးပေါင်း ပါဝင် လုပ်ဆောင် သွားမည်ဟုလည်း သူမက ဆက်ပြောသည်။

အဆိုပါ KWO ညီလာခံတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၁ဦးရွေးချယ်ခဲ့ရာ နန်းဒါးအဲ့ကလယ် (ဥက္ကဌ)၊ နော်ဖောဒေးတိုး (ဒု-ဥက္ကဌ)၊ နော်ကညောဖော (အထွေထွေအတွင်းရေးမှူး)၊ နော်တာမ လာစော (တွဲဘက်အတွင်းရေးမှူး-၁)နှင့် နော်စေးယိုဖော (တွဲ ဘက်အတွင်းရေးမှူး-၂)၊  နော်ဒါးဒါး (လူမှုရေးဌာန) ၊ နော်အဲ့တမွီဖော (ကျန်းမာရေးဌာန)၊ နော် လူးလူမောင် (ပညာရေး ဌာန)၊ နော်ဖောလေးသော (စည်းရုံးရေးနှင့် ပညာပေးရေးဌာန)၊ နော်ရွှေဖော (ဘဏ္ဍာရေးဌာန)နှင့် နော်ဒါးမူ့ (စာရင်းစစ်ဌာန) တို့ကို ရွေးချယ်ခဲ့ကြသည်။

KWO အဖွဲ့အစည်းသည် ၁၉၈၅ ခုနှစ်၊  ဧပြီလ ၅ရက်နေ့၌ KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောတွင် စတင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။


No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ