Thursday, February 14, 2013

နီဖွန်ဖေါင်ဒေးရှုင်းမှ IDP ဒုက္ခသည်များအား ဆန်အိတ် ၂၀၀၀ ကျော်သွား ရောက်လှူဒါန်း

KSNG by Internet
ဖေဖော်ဝါရီလ ၁၅ရက်။ စောလှခင်မူး (ကရင်ကျောင်းသားများ ကွန်ယက်)
  
ဂျပန်နိင်ငံရှိ နီပွန်းဖေါင်ဒေးရှင်း (NIPPON Foundation) အဖွဲ့မှ ကရင်ပြည်နယ် ဖားအံခရိုင် အတွင်းရှိ IDP ပြည်တွင်းဒုက္ခသည် များအတွက် ဆန်အိတ်ပေါင်း ၂၄၀၀ ကျော်ကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရသည်။



၎င်းတို့သည် ဖားအံခရိုင် ၊လူပလယ် မြို့နယ် သရေဖိုးကွီး ရွာသို့ မနက် ၈ နာရီခန့်တွင် သွားရောက် လှူဒါန်းခဲ့ပြီး ၄င်းပတ်ဝန်းကျင်ရှိ အခြားသော ရွာ ၁၀ လုံးကျော်မှ ကျေးရွာတာဝန်ရှိသူမျာသည် ဆန်အိတ်များကို လက်ခံခဲ့သည်။

နီပွန်းဖေါင်ဒေးရှင်း အနေဖြင့် ဖားအံခရိုင်လုံးအတွက် ဆန်အိတ်ရေ ၂၄၀၀ လှူဒါန်း ရန်ရှိ သော်လည်း လောလောဆယ်တွင် အိတ်ရေ ၁၄၀၀ သာလာရောက် လှူဒါန်းထားပြီး ကျန်ဆန်အိတ်များကို နောက်တကြိမ်တွင် လာရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရ သည်။

KNU မှ တ၀န်ရှိသူ တဦးဖြစ်သော ဆရာစတီးက အခုလိုပြောသည်။
သူက “ဒီဆန်တွေကို KNU ရယ် ကလိုထူးဘော ရယ်ပြီးတော့ KNU- KNLA ထိန်းချုပ် နယ်မြေ မှာရှိတဲ့ ပြည်တွင်း ဒုက္ခသည် တွေကို သူတို့က လူသားချင်းစာနာတဲ့ အနေနဲ့ လာပြီးပေး တာ ဖြစ် တယ်ဟု” ပြောသည်။

ယခုလို နီပွန်းဖေါင်ဒေးရှင်း မှလာရောက်လှူဒါန်း ပေးသော ဆန်များမှာ KNU ကရင်အမျိုး သား အစည်းအရုံးဧ။် တပ်ရိက္ခာများ အတွက်မဟုတ် ကြောင်းနှင့် ဖားအံခရိုင် အတွင်ရှိ မြို့နယ် ၅ ခုမှ IDP ပြည်သူများအတွက် သာဖြစ်ကြောင်း သူကဆက်လက် ပြောကြား သွားသည်။

နီပွန်းဖေါင်ဒေးရှင်း အနေဖြင့် ဖားအံခရိုင် တခုထဲ ကိုလှူဒါန်းခြင်း မဟုတ်ပဲ နောက်ပိုင်း တွင် KNU ဧ။်ထိန်းချုပ်နယ်မြေ အတွင်းရှိ ကျန် IDP ဒုက္ခသည်များအတွက်လဲ ဆက် လက်လှူဒါန်းသွား မှာဖြစ် ကြောင်းသိရသည်။

ကရင်ပြည်နယ် တခုလုံးတွင် IDP ပြည်တွင်းဒုက္ခသည်များ နှစ်သောင်း (၂၀၀၀၀ ) ခန့် ရှိပြီး ဖားအံ ခရိုင်တခုထဲ တွင် ၄၀၀၀ ကျော်ရှိသည် ဟုလဲ သိရသည်။



No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ