Thursday, March 7, 2013

(၆)ရုံးမြောက် ကေအဲန်ယူ ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်း အနား ဒေသခံ ၁,၀၀၀ကျော် တက်ရောက်

Photo-KIC

မတ်လ ၇ရက်။ စောလှခင်မူး (ကရင်ကျောင်းသားများ ကွန်ယက်) 

မွန်ပြည်နယ်၊သထုံမြို့နယ်နောင်ဘိုကျေးရွာတွင်မတ်လ ၅ရက်နေ့က ဖွင့်လှစ်ခဲ့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်/တပ်မဟာ()၏ ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို ဒေသခံလူထု ,၀၀၀ကျော်တက်ရောက်ခဲ့သည်ဟု ကေအဲန်ယူက ပြောသည်။ 


၎င်းအခမ်းအနားကို တက်ရောက်ခဲ့သူ ကေအဲန်ယူ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ဒီဆက်ဆံရေးရုံးဖွင့်ရတဲ့ အဓိက ရည်ရွယ် ချက်ကတော့ အပစ်ရပ်ကာလ အတွင်းမှာ ဖြစ်ပေါ်လာမယ့် နှစ်ဖက်စစ် တပ်တွေနဲ့ ပြည်သူတွေရဲ့ အခက်အခဲလည်း ပါတာပေါ့နော်၊ အဲကိစ္စပြဿနာရပ်တွေ အားလုံးကို  ဒီရုံးကနေတ ဆင့် ကျနော်တို့ ဖြေရှင်းသွားဖို့အတွက်ရယ် ပြီးတော့ တယောက်နဲ့ တစ်ယောက် အလွယ်တကူ ဆက်သွယ်နိုင်ဖို့ အတွက်ပါပဲဟု ပြောသည်။

မြန်မာစံတော်ချိန် နံနက် ၇နာရီကျော်မှ ၈နာရီခွဲအထိ ကျင်းပပြုလုပ်သည့် ထိုဆက်ဆံရေးရုံး ဖွင့်ပွဲသို့ တက်ရောက်လာသည့် ဒေသခံ ကရင်တိုင်းရင်းသားနှင့် ပအိုဝ်းတိုင်းရင်သားများက ၎င်းတို့၏ ရိုးရာအကများဖြင့် ဂုဏ်ပြုကပြခဲ့သည်ဟု သိရသည်။

ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားအပြီးတွင် ကေအဲန်ယူနှင့် အစိုးရတို့အကြား နှစ်ဖက်အပစ်ရပ်ကိစ္စနှင့် ပတ်သတ်သော အကြောင်းအရာများကို သထုံမြို့တွင် အလွတ်သဘောအရ ပြောဆိုဆွေးနွေးခဲ့သည်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ပထမအချက်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ ဘယ်လိုတည်ဆောက် သွားမလဲဆိုတဲ့အကြောင်းတွေရယ်၊ နောက်တချက်က  နှစ်ဖက်ကြားမှာ ဆက်လက် ဖြစ်ပွားနေသေးတဲ့ တိုက်ပွဲ တွေကြောင့် ပြည်သူတွေရဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်း လုပ်ဆောင်သွားမလဲ ဆိုတဲ့အကြောင်းတွေကို ပြောဆိုခဲ့တယ်ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။


ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားကို ကေအဲန်ယူဘက်က ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊  အတွင်းရေးမှူးချုပ် စောကွယ်ထူးဝင်း၊ အတွင်းရေးမှူး()ပဒိုစောသောသီဘွဲ၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂျော်နီနှင့် အခြား အရပ်ဘက်စစ်ဘက် ခေါင်းဆောင်များ တက်ရောက်သကဲ့သို့ အစိုးရဘက်က မီးရထားဝန်ကြီး ဦးဇေယျာအောင်၊ ကရင်ပြည်ဝန်ကြီးချုပ် ဦးဇော်မင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် အခြား အရပ်ဘက် စစ်ဘက်ခေါင်းဆောင်များလည်း တက်ရောက်ခဲ့သည်။
 
ယခုဖွင့်လှစ်သော ဆက်ဆံရေးရုံးသည် ဆဌမ မြောက်ရုံး ဖြစ်ပြီး ကေအဲန်ယူတပ်မဟာ ()ခုထဲတွင် ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် တောင်ငူခရိုင် တပ်မဟာ ()နှင့် ဖာပွန်ခရိုင် တပ်မဟာ () နှစ်ခုတွင်သာ ကျန်ရှိတော့သည်ဟု  သိရသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ