Thursday, March 7, 2013

စီမံကိန်းကြောင့် လယ်မြေယာ များသိမ်းယူခြင်း ပိုမိုများပြား လာကြောင်း ကရင်လူ့အခွင့် အရေးအဖွဲ့ ပြော


မတ်လ ၇ရက်၊ စောဖိုးထူး (ကရင်ကျောင်းသားများကွန်ယက်)

 မြန်မာအစိုးရနှင့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြပြီး နောက်ပိုင်း တွင် ဒေ သဖွံ့ဖြိုးရေး စီမံကိန်း လုပ်ငန်း များကြောင့် ဒေသခံ များမြေယာများ သိမ်းပိုက်ခံရမှု ပိုများပြားလာကြောင်းကိကရင်လူ့အခွင့်အရေး အဖွဲ့KHRG က မတ်လ ရက်နေ့တွင် `ရပ်တည်ရာ ပျောက် ဆုံးခြင်း´အမည်ရှိ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့သည်။


ဒေသဖွံ့ဖြိုးရေး စီမံကိန်းများကြောင့် မြန်မာပြည် အရှေ့ဘက် ခြမ်း တွင် ဒေသခံပြည်သူ များ၏ လယ်ယာမြေများ မတရား သိမ်းဆည်းခံ ရမှုမျာှးင့်ပတ်သက်ပြီး အဓိက ဖော် ညွန်းထားသော အဆိုပါ အစီရင်ခံစာ၏ သတင်း စာရှင်းလင်းပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊  နိုင်ငံခြားသား သတင်းထောက် များ ကလပ် (FCCT)တွင် နံနက် ၁၀နာရီခွဲမှ နေ့လည် ၁၂နာရီအထိ ပြုလုပ်ခဲ့ကြသည်။ 

KHRG မှ ပြောရေးဆိုခွင့်ရှိသူ စောအဲလ်ဘတ်က  “မြေယာတွေ သိမ်းတဲ့ပြနာဟာ အရင်ကလည်း ရှိပါတယ် ဒါပေမယ့် ကေအဲန်ယူနဲ့ အစိုးရကြား အပစ်ရပ်ပီးတဲ့ နောက်ပိုင်းမှာတော့ ဒါတွေဟာ နည်းမသွားတဲ့ အပြင် ပိုလို့တောင် များလာတာ ကိုတွေရတယ်အထူးသဖြင့်တော့ ဒီကရင်ပြည် နယ်ဖက်မှာ ကျနော်တို့ တွေ့ရတယ်။ ” ဟု ပြောသည်။

အပစ်ခတ်ရပ်စဲရေး မလုပ်ခင်ကတည်းက မြေယာသိမ်းမှုများ ရှိခဲ့သော်ငြားလည်း နိုင်ငံရေး အခြေ အနေကြောင့် ဒေသခံပြည်သူများအနေဖြင့် သက်ဆိုင်ရာ အစိုးရ ဌာနများတွင် တိုင်ကြားမှုများ မလုပ်ဆောင်ရဲကြဘဲ လက်ရှိ နိုင်ငံရေး အခြေအနေ အနည်းငယ်ပွင့်လင်းလာသော အခါ မြေယာ သိမ်းဆည်းမှုနှင့် ပတ်သက်၍ တိုင်ကြားမှုများ များပြားလာသဖြင့် ယခုကဲ့သို့ မြေယာသိမ်းဆည်းမှုများ ပိုမို ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ 

၂၀၁၁ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ KHRGအဖွဲ့ဝင်များ ကိုယ်တိုင် ကွင်းဆင်းကောက်ခံထားပြီး မြန်မာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ၎င်းအစီရင်ခံစာကို မြန်မာပြည်အရှေပိုင်းဒေသများ ဖြစ် ကြသော ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်း စသည့်နေရာများတွင် လယ်ယာမြေများ သိမ်းယူခံရမှု အများဆုံးဖြစ်သည်ဟု ဆိုသည်။ 

စောအဲလ်ဘတ်က အစိုးရအဖွဲ့ အစည်းပဲဖြစ်ပြစ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ ပဲဖြစ်ဖြစ်ပေါ့နော်သူတို့တွေအနေနဲဒေသခံပြည်သူတွေရဲပိုင်ဆိုင်မတွေ ကိုတော့ လေး စားသင့်တယ်အသိမှတ် လည်းပြုရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ ဒါတွေဟာ သူတို့တွေရဲ့ ခေတ်အဆက်ဆက်က ပိုင်ဆိုင် လာတဲ့ အရာတွေပဲတခုရှိတာက သူတို့တွေဆီမှာ ပိုင်ဆိုင်ကြောင်း စာရွက်စာတမ်းတွေတော့သေသေ ချာချာမရှိ ဘူးဟု ပြောသည်။

ဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများကို လုပ်ဆောင်မည်ဆိုပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် မိမိသဘော အာဏာတစ်ခုတည်းဖြင့် မလုပ်ဆောင်သင့်ဘဲ ဒေသခံများ၏ ဆန္ဒသဘောထားကို အရင်ရယူသင့်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်းလိုက်သည်။ 
  
KHRG မှပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် SYCB-မြန်မာနိုင်ငံ ကျောင်းသားလူငယ် များကွန် ဂရက်၊ Asian Burma အဖွဲ့၊ ဘန်ကောက်မှ NGOs အဖွဲ့အစည်မျာှးင့် သတင်းမီဒီယာသမားများအပါအ၀င် စုစုပေါင်း ၆၀ ခန်တက်ရောက်ခဲ့ကြသည်။

ကရင်လူ့အခွင့်အရေးအဖွဲ့သည်  ကရင်ပြည်နယ်နှင့် တစ်ခြားသော အရပ်ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို နိုင်ငံတကာအစိုးရများ သိရှိစေရန်ရည်ရွယ်ပြီး ၁၉၉၂ခုနှစ်တွင် ဖွဲ့စည်း ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ