Tuesday, May 28, 2013

(၉) ကြိမ်မြောက် ကရင့်အမျိုးသား သွေးစည်းညီညွတ်ရေး နှီးနှောဖလှယ်ပွဲ စတင်ကျင်းပ

 မေလ ၂၇ရက်။ စောဖိုးထူး။ (ကရင်ကျောင်းသားများ ကွန်ယက်)

(၉)ကြိမ်မြောက်ကရင့်အမျိုးသား သွေးစည်း ညီညွတ်
 ရေး နှီးနှောဖလှယ်ပွဲ(Karen National Unity Seminar )ကို ထိုင်းမြန်မာ-နယ် စပ် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ(၇) ထိန်းချုပ်နယ်မြေ၊ လေးဝါး စခန်း၌ ယနေ့ စတင်ကျင်းပနေပြီဟု သိရှိရသည်။ 

 
ထိုနှီးနှော ဖလှယ်ပွဲကို မေလ (၂၇)ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အထူးသဖြင့် လက်ရှိနိုင်ငံရေး အခြေအနေအား သုံးသပ်ခြင်း၊ ကေအဲန်ယူ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ကို ဆွေးနွေးတင်ပြခြင်းနှင့် ကရင်ပြည်နယ်အတွင်းရှိ စီးပွားရေး  အခြေအနေများကို အဓိက ထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ကရင့်အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ကော်မတီ ဥက္ကဌ ပဒိုစောလှထွန်းက “အဓိက ရည်ရွယ်ချက်ကတော့ ကရင်လူထု တခုလုံးရဲ့ စည်းလုံးညီညွတ်ရေးကို ဘယ်လိုအကောင်အထည်ဖော်ပြီး သဘောတူ လုပ်ဆောင်သွားမလဲ။ နောက်တော့ ဘယ်လို ၀ိုင်းဝန်းအဖြေရှာရမလဲဆိုတာ ကိုပေါ့”ဟု ပြောသည်။
ယခုအချိန်သည် ငြိမ်းချမ်းရေးကာလ ဖြစ်သောကြောင့် ကရင်လူထု တရပ်လုံးအ တွက် သွေးစည်း ညီညွတ်ခြင်းသည် လွန်စွာ အရေးကြီးကြောင်းလည်း ပဒိုစောလှထွန်းက ဆက်ပြောသည်။
ဤနှီးနှော ဖလှယ်ပွဲသို့ ကေအဲန်ယူ၊ ပြည်တွင်း ကရင်နိုင်ငံရေးပါတီ၊ ကရင်လူထု အခြေပြုလူထုအဖွဲ့အစည်း (KCBOs)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသား တပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ် (BGF )၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA-PCတို့မှ ကိုယ်စားလှယ်များ၊ ပြည်ပရောက် ကရင်ကိုယ် စားလှယ်များနှင့် ကရင်ဘာသာရေး ခေါင်းဆောင်များ အပါအ၀င် စုစုပေါင်း ၁၀၀ကျော် တက်ရောက်သည်ဟု သိရှိရသည်။
 “ကျနော်တို့ ဒီလို ကရင်လူထု တရပ်လုံး စုစုစည်းစည်းနဲ့ ကျေကျေညက်ညက် ဆွေးနွေးပြီး အဖြေရှာသွားမယ်။ နောက်တော့ ဒီက ထွက်လာတဲ့ရလဒ် တွေကိုလည်း ရှေ့လာမယ့် ကေအဲန်ယူနဲ့ အစိုးရကြားတွေ့ဆုံ မယ့်ပွဲတွေမှာ တင်ပြသွားဖို့ရှိတယ်”ဟု ကရင့်အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှောဖလှယ်ပွဲ ကော်မတီ ဥက္ကဌ ပဒိုစောလှထွန်းက ထပ်လောင်းပြောဆိုသည်။  
ကရင့်အမျိုးသား သွေးစည်း ညီညွတ်ရေး နှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)မှ ဦးစီးကာ ကရင်တစ်မျိုးသားလုံး ပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်ပြီး ၁၉၉၉ ခုနှစ်တွင် စတင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ