Tuesday, May 28, 2013

How to Repair a Side-by-Side Configuration Error

Windows operating system ကို အသုံးပြုရင်းနဲ့ တခါတလေဆော့ဝဲတွေကိုအင်စတောလုပ်ပြီးတဲ့အခါ "This application has failed to start because its side by side configuration is incorrect" ဆိုError ဖြစ်ပေါ်လာတာမျိုးတွေ့နိုင်ပါတယ်။ အမှန်က side by side configuration ဆိုတာအားလုံးသောApplications ထောက်ပံ့ပေးထားတဲ့ Dynamic Link Libraries and interfaces လိုမျိုး resourcesအရင်းအမြစ်များကိုစုဆောင်းပေးတဲ့လုပ်ဆောင်ချက်မျိုးဖြစ်ပါတယ်။ ဆိုတော့ အဲဒီ resources များမရှိတာပဲဖြစ်ဖြစ် ပျက်ဆီးသွားတာပဲဖြစ်ဖြစ် ၎င်း side by side configuration ဆိုတာလေးတက်လာမှာဖြစ်ပါတယ်။ အဲဒီဖြစ်ပုံအနေအထားကို ehowcom ကနေဘာသာပြန်ပြီး ပြန်လည်တင်ပြခြင်း သာဖြစ်ပါယ်။ ကဲ..လေ့လာကြည့်ရအောင်…


၁။ Control Panel ကိုဖွင့် ပြီးတော့ "Administrative Tools." ကိုဆက်ဖွင့်ပါ

၂။ ထိုနောက်ပွင့်လာတဲ့ဘောက်စ်တွင် "Event Viewer." ဆိုက်ကလစ်နှစ်ချက်နှိပ်ပြီးဖွင့်ပါ

၃။ ခဏစောင့်ပြီး ၎င်းဘောက်စ်ပွင့်လာရင် ဘယ်ဖက်က "Windows Logs," ဆိုတာကို ကလစ်တစ် ချက်နှိပ်ပြီးဖွင့်ပါ။ ပြီးတော့ "Application" ကလစ်နှိပ်ပြီးဆက်ဖွင့်ပါ။

၎။ အောက်မှာပြထားတဲ့ပုံအတိုင်း အပေါ်အလယ်ကွက်တည့်တည့်တွင် Aplication Event ဖြစ်နိုင် အနီရောင်လေးနဲ့ ဖေါ်ပြထားတဲ့ information တွေတွေ့ရမှာဖြစ်ပါတယ်။ ဒီနေရာမှာဖေါ်ပြထားတဲ့အ ချက်အလက်များသည် sources များပဲဖြစ်ပါတယ်။

 ၅။ အဲဒါတွေကို ဘယ် sources က missing ဖြစ်နေသလဲသိချင်ရင် အနီရောင်နဲ့ပြထားတဲ့ informa Tion တစ်ခုကို Right Click – Event Properties ကိုနှိပ်လိုက်ရင် အောက်ပါ event properties ဘောက် စ်ပွင့်လာမှာဖြစ်ပါတယ်။ အဲဒီဘောက်စ်မှာပါတဲ့ Microsoft.VC90.MFC စတဲ့စာချောင်းသည် missing ဖြစ် တဲ့ sources ဖြစ်ပါတယ်။

၆။ အဲဒီပြဿနာဖြေရှင်းရန်အတွက် ၎င်း missing ဖြစ်တဲ့ sources (Microsoft.VC90.MFC) ကို အင် တာနက်ကနေဒေါင်းပြီး အင်စတောထည့်သွင်းလိုက်ရင် side by side configuration error ပြဿနာ ကိုပြေလည်သွားနိုင်ပါတယ်။ နောက်တစ်ချက်က မှတ်ထားရမှာက Net.Frame ကြောင့်ဖြစ်ပါတယ်။ အဲဒါကိုဒေါင်းပြီးအင်စတောမောင်းလိုက်ရင်အဆင်ပြေသွားနိုင်ပါတယ်။

 ref: http://www.ehow.com/how_7535388_repair-sidebyside-configuration-error.html

 စောလင်းနက်စ်
http://www.sawlinux.org/2013/03/how-to-repair-side-by-side.html

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ