Monday, May 6, 2013

သိမ်းဆည်းခံ လယ်မြေများ တွက် နစ်နာကြေးရရှိရန် တွက်ပထမဆုံးအကြိမ်ဖြင့် ကေအဲန်ယူ ညှိနှိုင်းပေး

Photo by KSNG
မေလ ၇ရက်၊ စောဖိုးထူး (ကရင်ကျောင်းသားများကွန်ယက်)

ကေအဲန်ယူ- ကရင်အမျိုးသားအစည်အရုံး တောင်ငူခရိုင်၊ တပ်မဟာ (၂) မှတာဝန်ရှိသူ များနှင့် ရွှေစွမ်းအင်ကုမ္မဏီမှ တာဝန်ရှိအချို့သည် ထုံးဘိုကျေးရွာသို့် သွားရောက်ပြီး ၄င်းဒေ သခံပြည်သူများ၏ ဆုံးရှုံးသွားသော အရာများအား ပြန်လည်ရရှိစေရန် နှင့်ပတ် သတ် သော အကြောင်းအရာများအား ပူးပေါင်းရှင်းလင်းပြောဆို ပေးခဲ့သည်။


၎င်းတို့သည်ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ထုံးဘိုကျေးရွာ နှင့် နဂါးမောက် ကျေးရွာ သို့၊ဧပြီလ ၁၀ရက်နေ့ ညနေ ၃ နာရီမှ ၅ နာရီခွဲထိသွားရောက် ရှင်းလင်း  ပြော ကြားပေးခဲ့သည်။

အဆိုပါရှင်းလင်းပွဲအား ကိုယ်တိုင်သွားရောက်ခဲ့သူ ကေအဲန်ယူ တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက
အခုလိုပြောသည်သူက ကျနော်တို့အနေနဲ့ကတော့ ဒေသခံပြည် သူတွေဖက်က ဆုံးရှုံးသွားတဲ့ ပိုင် ဆိုင်မှုတွေတွက် ကုမ္မဏီ ဆီကိုသေချာတိကျ အောင်တင်း ပေးဖို့အတွက်နဲ့ သူတို့(ဒေသခံနှင့် ကုမ္မဏီ) နှစ်ဖက်စလုံး အဆင်ပြေအောင်နဲ့ ကုမ္မဏီဖက်ကလဲ ဒေသခံ တွေရဲ့တောင်းဆိုမှုတွေကို အတတ်နိင်ဆုံး လိုက်လျောပေးဖို့ အဓိကထား သွားရောက်ရှင်းလင်း ဆွေးနွေးပေးတာဖြစ်သည် ဟုပြောသည်။

အခုလို ပြသနာမျိုးဖြစ်ရခြင်းမှာ နိုင်ငံတော်အစိုးရမှထို လုပ်ငန်းအား လုပ်ဆောင်ရာ တွင် ဒေသ ခံပြည်သူများအား ကြိုတင်အသိမပေးခြင့်နှင့်နှစ်ဖက်ညှိနှိင်းမှုများ မပြုလုပ်ပေးခဲ့သောကြောင့် ဒေ သခံများအနေဖြင့် တဖက်သက် အနိုင်ကျင့်ခံရတာလဲ ဖြစ်တယ်လို့ သူကဆက် လက်ပြောသွားသည်။

ထုံးဘိုကျေးရွာမှ သင်းအုပ်ဆရာစောအေးရေထူး က ကျနော်တို့က လူကြီးတွေကို ယုံပါတယ် ဘာလို့လဲ ဆိုတော့ ဒီပြသနာ စဖြစ်ကတည်းက သူတို့(ကေအဲန်ယူ)ကလဲ တာဝန်ယူဖြေရှင်း ကူပေးတာတွေ အများ ကြီးရှိတယ်လေ ဒါပေမယ့် လုံးဝတော့ ကျေနပ်မှုမရှိသေးပါဘူး ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ တောင်း ဆိုတွေကို ကျေနပ်လောက်အောင် အကုန်လုံးလုပ်ပေးတာတွေမရှိသေးဘူး ဟု ပြောသည်။

ထိုရှင်းလင်းပွဲသို့ ကေအဲန်ယူ ဗဟိုဌာနချုပ်မှ ပဒိုစောမြမောင် ကလည်ဒေသ ခံပြည်သူများတွက် အားပေး စကား များပြောဆိုခဲ့သည်။

ကေအဲန်ယူဖက်မှ တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါး၊ တွဲဖက်အတွင်းရေးမှူး ပဒိုစောသိုဒူးထူး၊ ပဒိုစောဆာလွယ်၊ ဗိုလ်မှူးကြီးစောဒဲဖိုး ၊ဒုဗိုလ်မှူးကြီးစောထွန်းကဲ၊ ကေအဲန်ယူဗဟိုဌာနချုပ်မှ ပဒိုစောမြမောင်နှင့် ဗိုလ်ချုပ်စဆာတူဝေါ် နှစ်ဦီးလဲ တက်ရောက်ခဲ့သည်။

ရွှေစွမ်းအင်ကုမ္မဏီဖက်မှ ဦးဝမ်းမောင် (သောက်ရေခပ်ရေအားလျှပ်စစ်စီမံကိန်းမန်နေဂျာ)၊ ဦးအောင်လင်း (တည်ဆောက်ရေးမန်နေဂျာ) ၊ဦးတင်ငွေ(စံမံကိန်းဒါရိုက်တာ) တို့တက်ရောက်ခဲ့ကြသည်။
ထုံးဘိုဒေသခံများ အပြင် နဂါးမောက်ဒေသခံများအားလုံးပေါင်း ၆၀ ခန့်တက်ရောက်ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ