Monday, May 6, 2013

ကေအဲန်ယူ ကိုယ်စားလှယ် အဖွဲ့နှင့် ရွှေစွမ်းအင်ကုမ္မဏီ တို့တွေ့ဆုံ

Photo by KSNG
မတ်လ ၇ရက်၊ စောဖိုးထူး (ကရင်ကျောင်းသားများကွန်ယက်)

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်၊ တပ်မဟာ (၂) မှကိုယ်စားလှယ် အဖွဲ့တဖွဲ့နှင့်  ရွှေစွမ်းအင်ကုမ္မဏီမှ တာဝန်ရှိ သူအချို့ တို့သည်
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်ရှိ သောက်ရေခပ် ရေအားလျှပ်စစ်စီမံကိန်း ခန်းမဆောင်မှာ ဧပြီလ ၁၀ ရက်နေ့တွင် မနက် ၁၁ နာရီမှညနေ (၂း၃၀ ) အထိတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ထိုဆွေးနွေးပွဲတွင် ကေအဲန်ယူအနေဖြင့် သောက်ေ၇ခပ် ရေအားလျှပ်စစ် စီမံကိန်းကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော ဒေသခံပြည်သူများ၏ လယ်ယာမြေ၊ ကိုင်းနှင့်ခြံများ အတွက် ကာလ တန်ပေါက်ဈေး အရ ငွေများကို ထိုကုမ္မဏီ ပြန်လည်ပေးလျှော် ရန်အဓိကထား တင်ပြတောင်းဆိုခဲ့သည်။

တပ်မဟာ ၂ ကိုယ်စားလှယ်အဖွဲ့မှ ပြေရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီးစောထွန်းကဲ ကပြောသည်။
သူက ဒီသောက်ရေခပ် ရေလောင်တမံကြောင့် ထုံးဘိုရွာက ဒေသခံတွေရဲ့တောင်းဆိုချက်အရ သူတို့ တွေဆုံးရှုံးသွားတဲ့ အိုးအိမ်နဲ့ လယ်ယာတွေတွက် လျှော်ကြေးပြန်ရ အောင်ကျတော်တို့ ကကူညီပြီး သွားရောက်ဖြေရှင်းပေးခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့သွားရောက် ဖြေရှင်းပေးရာတွင် ရွှေစွမ်းအင်ကုမ္မဏီဖက်မှ ၄င်းတို့တင်ပြချက်များကို လက်ခံပေး ခဲ့သော်လည်း ဘယ်နေ့ဘယ်ရက်တွင်  လာရောက်ပေးမည်ကိုတော့ ရက်အတိအကျ သတ်မှတ်နိင်ခြင်း မရှိ သေးဘူးဟုသူက ဆက်လက်ပြောကြားသည်။

ဒုဗိုလ်မှူးကြီးစောထွန်းကဲ က ဘယ်လိုပဲပြောပြောဗျာ ကျနော်တို့ကတော့ ပြည်သူတွေအတွက် လုပ်ပေး ရတာဆိုတော့ ၀မ်းသာပေးပါတယ် ဘာလို့လဲဆိုတော့ ကျနော်တို့အနေနဲ့ သူတို့ရဲ့အခက် အခဲတွေ ကို  ဖြေးရှင်းပေးနိုင်လို့ပါဟုပြောသည်။

ထိုဆွေးနွေးပွဲတွင်ကေအဲန်ယူဖက်မှ တာဝန်ရှိသူများဖြစ်ကြသော ၊ပဒိုစောဆာလွယ်၊ ဗိုလ်မှူးကြီးစောဒဲဖိုး ၊ဒုဗိုလ်မှူးကြီးစောထွန်းကဲ၊ပဒိုစောသောတူထူး၊ နှင့် လက်လေ့လားသူအဖြစ် ကေအဲန်ယူဗဟိုဌာနချုပ်မှ ပဒိုစောမြမောင်နှင့် ဗိုလ်ချုပ်စဆာတူဝေါ်  နှစ်ဦီးလဲ တက်ရောက်ခဲ့သည်။

ရွှေစွမ်းအင်ကုမ္မဏီဖက်မှ ဦးဝမ်းမောင် (သောက်ရေခပ်ရေအားလျှပ်စစ်စီမံကိန်းမန်နေဂျာ)၊ ဦးအောင်လင်း (တည်ဆောက်ရေးမန်နေဂျာ) ၊ဦးတင်ငွေ(စံမံကိန်းဒါရိုက်တာ) နှင့်လေ့လားသူ ၅ ဦးလဲတက်ရောက်ခဲ့သည်။ 

တက်ရောက်လေ့လာသူအဖြစ် ကရင်ပြည်နယ်၊သံတောင်ကြီးမြိုနယ်မှ(KPP)ကရင်ပြည်သူ့ပါတီ ဥက္ကဌ ဦးစောကျော်စိုးလဲတက်ရောက်ခဲ့သည်။ 

1 comment:

  1. Casino Hotel, Casino & Spa - Mapyro
    Casino Hotel, Casino 전라남도 출장샵 & Spa is 문경 출장안마 a neighborhood in South Point, California. This casino is located in 진주 출장마사지 6 구미 출장샵 blocks from Central Park. 창원 출장샵 The casino has over 600 slot

    ReplyDelete

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ