Sunday, May 26, 2013

ကရင်လူငယ် နွေရာသီ ရက်တိုသင်တန်း ပြီးဆုံး

Photo-KSNG
မေလ ၂၅ရက်။ စောလှခင်မူး(ကရင်ကျောင်းသားများ ကွန်ယက်)

ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)စည်းရုံးရေးဌာန ကြီးမှူး၍ တလကြာပြုလုပ်ခဲ့သည့် ကရင်လူငယ် နွေရာသီရက်တို သင်တန်းဆင်းပွဲကို ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ကေအဲန်ယူ တပ်မဟာ (၇)နယ်မြေ၊ သေဘေထာ့နေရာ၌ မေလ ၂၃ ရက်နေ့ရက် မနက် ၉ နာရီမှ ၁၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့သည်။ 

ဧပြီလ ၂၂ရက်နေ့မှ မေလ ၂၂ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ထိုရက်တိုသင်တန်းတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ပေါ်လစီ၊ လက်ရှိနိုင်ငံရေး အခြေအနေ၊ ကရင့်သမိုင်းကြောင်း၊ အမျိုးသမီးရေးရာနှင့် ဖယ်ဒရယ် အကြောင်းအရာများကို အဓိကထား သင်ကြားပို့ချပေးခဲ့သည်ဟု သိရသည်။  

ထိုသင်တန်း၏ သင်တန်းမှူးဖြစ်သူ ကရင်လူငယ် အစည်းအရုံးမှ အတွင်းရေးမှူး စောဂျက်ပစီက “ကျနော်တို့ ဒီလိုသင်တန်းကို ဖွင့်ရတာဟာ အထူးသဖြင့် လူငယ်တွေအနေနဲ့ ဒီနွေရာသီကာလတွေမှာ သူတို့အတွက် အလဟသ မဖြစ်အောင်ရယ်၊ ပြီးတော့ သူတို့ရဲ့အဖွဲ့အစည်းအတွက်ပဲ ဖြစ်ဖြစ် သူတို့ရဲ့ ရှေ့ဆက်ဘ၀အတွက် အကျိုးတခုခုရှိသွားအောင် ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်တယ်” ဟု ပြောသည်။

ကရင်လူငယ်များအနေဖြင့် မိမိတို့၏ တော်လှန်ရေး သမိုင်းကြောင်းကို ကောင်းမွန်စွာ သိထားသင့် သည့် အပြင် အမျိုးသားရေး စိတ်ဓာတ်ပိုမို မြင့်မားလာ စေချင်ကြောင်းလည်း စောဂျက်ပစီက ဆက်ပြောသည်။ 

ထိုရက်တိုသင်တန်းတွင် ကရင်လူငယ်အစည်းအရုံး(ကေ၀ိုင်အို)၊ ကရင်ကျောင်းသားများ ကွန်ယက် (KSNG ) ၊ကရင်အမျိုးသမီးအစည်းအရုံး (KWO )နှင့် ကော်သူးလေအလုပ်သမားအဖွဲ့ (FTUK)မှ ကရင်လူ ငယ်မောင်မယ် ၃၂ ဦး တက်ရောက်အောင်မြင်ခဲ့သည်။ 

သင်တန်းသူ နော်စနိုးဝါးက “ကျမဒီသင်တန်းကို တက်လိုက်ရတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုတွေ အရင်ကထက် ပိုပြီးစိတ်အား ထက်သန်လာတယ်၊  ပြီးတော့ ကျမတို့လို လူငယ်တွေကိုလည်း ဒီလိုသင်တန်းမျိုးတွေကို များများတက်စေချင်တယ်” ဟုပြောသည်။

ထိုသင်တန်းဆင်းပွဲ အခမ်းအနားသို့ ကေအဲန်ယူ ဗဟို ကော်မတီမှ စည်းရုံးရေးတာဝန်ခံ ပဒိုစောလှထွန်း ၊ကရင်အမျိုးသမီးအစည်းအရုံးဗဟိုမှ ဒု-ဥက္ကဌ နော်ဖောဒေးတိုးနှင့် အခြားတာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့သည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ