Sunday, May 26, 2013

တောင်ငူခရိုင်ရှိ ပြည်တွင်း စစ်ပြေးဒုက္ခသည်များတွက် နီပွန်ဖောင်ဒေးရှင်းမှ ဆန်အိတ် ၂,၀၀၀ ကျော်လှူဒါန်း

Photo - KSNG
မေလ ၂၅ရက်။ စောဖိုးထူး။( ကရင်ကျောင်းသားများ ကွန်ယက်)

(ကေအဲန်ယူ)ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ တောင်ငူခရိုင် တပ်မဟာ (၂)အတွင်းရှိ IDP ပြည်တွင်း စစ်ပြေးဒုက္ခသည်များအတွက် ဂျပန်နိုင်ငံရှိ နီပွန်ဖောင်ဒေးရှင်း (NIPPON Foundation)မှ လူသားချင်း စာနာမှုဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့မှ ဆန်အိတ် ၂,၄၀၀ အိတ်လှူဒါန်းခဲ့သည်။
 

ယင်း ဆန်အိတ်များကို ပြီးခဲ့သည့် မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် တောင်ငူမြို့ရှိ ဘုရင့်နောင်ခန်းမဆောင်တွင် ကေအဲန်ယူ တပ်မဟာ (၂)ထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ထိုဆန်အိတ်များအား ကိုယ်တိုင် လက်ခံခဲ့သူ တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါးက “ ဒီဆန်တွေကို ပထမဦးစားပေးအနေနဲ့ကတော့ ကျနော်တို့ ဒေသမှာ စစ်ဘေးကြောင့် စားဖို့သောက်ဖို့ တကယ်မရှိတော့တဲ့ သူတွေကို ပထမ ဦးစားပေး အနေနဲ့ ဝေပေးသွားဖို့ရှိတယ်”ဟု ပြောသည်။

ကေအဲန်ယူ ထိန်းချုပ်ရာနယ်မြေအတွင်းရှိ ပြည်တွင်းစစ်ပြေး ဒုက္ခသည် ရွာပေါင်း ၁၀၀ ခန့်ကို ပေးဝေသွား မှာဖြစ်ပြီး လူသားချင်း စာနာထောက်ထားသည့် အနေဖြင့် ယခုလို လာရောက်လှူဒါန်းသည့်အပေါ် အထူးပင် ၀မ်းမြောက်ကြောင်း ပဒိုစောအယ်ဝါးက ဆက်ပြောသည်။  

၎င်းက“ကျနော့်အနေနဲ့တော့ နီပွန်ဖေါင်ဒေးရှင်းဟာ ပြည်သူတွေ တကယ်လိုအပ်နေတဲ့အရာတွေကို ကူညီထောက်ပံပေးနေတဲ့ အဖွဲ့အစည်းတခုဖြစ်ပြီး ရှေ့ဆက်ပြုလုပ်သွားမဲ့ အစိုးရနဲ့ ကေအဲန်ယူကြား ကငြိမ်းချမ်းရေးအတွက်လည်း အများကြီးအထောက်အကူ ပြုနိုင်လိမ့်မယ် လို့ထင်တယ် ”ဟု ပြောသည်။

ဆန်အိတ် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားသို့ ကေအဲန်ယူ ဗဟိုမှ နိုင်ငံခြားရေးဝန်ကြီး ပဒိုစောအောင်ဝင်းရွှေ ၊တောင်ငူခရိုင်ဥက္ကဌ ပဒိုစောအယ်ဝါး၊ တွဲဖက်အတွင်းရေးမှူး ပဒိုစောသောတူထူး တက်ရောက်ပြီး အစိုးရဖက်မှ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းတို့ တက်ရောက် သကဲ့သို့ နီပွန်ဖေါင်ဒေးရှင်းမှ မြန်မာနိုင်ငံတာဝန်ခံ ဦးမဲန်းမူရာ (Umemura)နှင့် ဘာသာရေးခေါင်း ဆောင်များအပါအ၀င် စုစုပေါင်း ၄၀ခန့်တက်ရောက်ခဲ့သည်။ 



ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်လည်း နီပွန်ဖေါင်ဒေးရှင်းမှ ကရင်ပြည်နယ် ဖားအံခရိုင် အတွင်းရှိ ပြည်တွင်းစစ်ပြေး ဒုက္ခသည်များအတွက် ဆန်အိတ်ပေါင်း ၂,၄၀၀ ကျော် သွားရောက် လှူဒါန်းခဲ့သေးသည်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ