ထိုင်းမြန်မာနယ်စပ် မဲ ဆောက်-မြဝတီတံတား ပြန်လည်ဖွင့်လင့်ဖို့ မြန်မာအစိုးရက ထိုင်းနိုင်ငံ
တာ့ခရိုင်မှာရှိတဲ့ ဒုက္ခသည် စခန်းတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုတာဟာ ဆက်နွယ်ပတ်သက်မှု
တစုံတခု မှမရှိဘူးလို့ ကရင် ဒုက္ခသည် ကော်မတီ ဥက္ကဌ ရောဘထွေးကပြောပါတယ်။
တောင်းဆိုမှုအပေါ် ထိုင်းအုပ်ချုပ်မှု အဆင့်ဆင်အောက်မှာ နေရတဲ့ ဒုက္ခသည်တွေ အနေနဲ့
ထိုင်း -မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းတခုဖြစ်တဲ့ မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားကို
အနှောက်အယှက် မပေးနိုင်ကြောင်း စောရောဘထွေးကပြောပါတယ်။
“ဒုက္ခည်စခန်းက သူ့ဟာသူပဲနေတယ်လေ ဘာအကြောင်းမှ သူတို့လုပ်တာနဲ့ ပတ်သက်ဖို့အ
ကြောင်းမရှိဘူး ဒုက္ခသည်တွေက စခန်းအပြင်တောင် ထွက်လို့မရပဲ ဘာဖြစ်လို့သူတို့ လာ
ပတ် သက်လဲတော့ကျနော်မသိတော့ဘူး”
ကေအဲန်ယူသူပုန်တွေ ဒုက္ခသည်စခန်းထဲမှာရှိတယ်လို့အကြောင်းပြပြီး ဒုက္ခသည် စခန်း တွေကို
ရှင်းလင်းပေးဖို့တောင်းဆိုလာတာဖြစ်ပါတယ်။ ထို့အပြင် မဲဆောက်မြို့မှာ ကေအဲန်ယူ
ခေါင်းဆောင်တွေ ဆယ်ယောက်ထက်မနည်းရှိတယ်လို့ပြောကာ ထိုခေါင်းဆောင်များကို
ထိုင်းအာဏာပိုင်မှတဆင့် ဖမ်းဆီးပေးရန်လည်း တောင်း ဆိုထားပါတယ်။
မဲ ဆောက်-မြဝတီတံတားဟာ မြန်မာဘက်ကပိတ်ထားတာ တနှစ်လောက်ရှိပြီးဖြစ်ပါတယ်။
မပိတ်ခင်က လစဉ်ထိုင်းကုန် ဘတ်ငွေ သန်းငါးထောင်ဖိုးလောက် မြန်မာဘက်တင်ပို့ပြီး
မြန်မာဘက်ကလည်း ဘတ်သန်း နှစ်ထောင်ဝန်းကျင်လောက် ထိုင်းဘက်ကို ကုန် တင်သွင်း
နေတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံ တာ့ခရိုင်ယမှာ တည်ရှိတဲ့ ကရင်ဒုက္ခသည်စခန်းသုံးခုဟာ မယ်လစခန်း၊
အုန်းပြန့်စခန်းနဲ့ နို့ဖိုးစခန်းများဖြစ်ပါတ်။ မဲဆောင့်နဲ့အနီးဆုံးဒုက္ခသည်စခန်း က ထိုင်းမြန်မာ
နယ်စပ် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment