ထိုင်းနိုင်ငံ တာခ်ခရိုင် မဲဆောက်မြို့နဲ့ ၇၅ကီလိုမီတာကွာဝေးတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းမှာ ရိက္ခာ
ရယူတဲ့အခါမှာ ဒုက္ခသည်တွေလိုက်နာရမယ့် စည်းကမ်းချက်တွေ လျော့နည်းလာတယ်လို့
စခန်းကော်မတီဝင် ရိက္ခာမှူး စောဆာသူးမွဲက ပြောပါတယ်။
TBBC (ထိုင်းမြန်မာနယ်စပ် လူသားချင်း ကူညီထောက့်ပံ့ရေး လုပ်ငန်းစု)က အုန်းဖြန် စခန်းမှ
ရိက္ခာတာဝန် ရှိတဲ့သူတွေကို ယုံကြည်မှုမရှိတဲ့ပုံစံနဲ့ ဒုက္ခသည် ရိက္ခာထုတ်ဖို့ လိုက်နာရမယ့်
စည်းကမ်းချက်တွေ TBBC မှ တိုက်ရိုက်ချပေးထားကာ စခန်းကော်မတီတွေက တီဘီဘီစီကို
မကျေမနပ်ဖြစ်လို့ ရိက္ခာဂိုဒေါင်ကို ၂၂ရက်နေ့ကနေ့စပြီး ပိတ်ခဲ့တယ်လို့ စောသူမွဲ က
ပြောပါတယ်။
လေးရက်နေ့ပိတ်ထားပြီးတဲ့နောက် ၂၅ရက်နေ့မှာ TBBC နဲ့စခန်းကော်မတီတွေ တွေ့ဆုံစွေးနွေးပြီး
TBBC ဘက်စည်းကမ်းချက်တချို့ လျော့လိုက်တာဖြစ်တယ်လို့ ရိက္ခာမှု စောသူမွဲကပြောပါတယ်။
“ဒုက္ခသည်တွေရဲ့တောင်းဆိုမှုကို စခန်းကော်မတီတွေရဲ့တောင်းဆိုမှုအပေါ် သူတို့ ရဲ့စည်းကမ်း
တွေဖြုတ် လိုက်ရတယ်။ သူတို့ လုပ်မယ်အရာ အားလုံး ဆက်မလုပ်နိုင်တော့ဘူး။ အရင်က
ချထားတဲ့ ရိက္ခာထုတ်ရင်း လူစစ်တာတို့၊ ရိက္ခာဝေတဲ့အခါမှာ နံပါတ်ကပ်ပြားသုံးတာတို့
လျော့လိုက်ရတယ်”
ရိက္ခာထုတ်ရင်း လူစစ်တဲ့အခါ စခန်းဝန်ဆောင်မှုအလုပ်လုပ်သူနဲ့ ကျောင်းသူကျောင်းသားကလွဲ
လို့ ဒုက္ခသည်တွေ ဂိုဒေါင်အရှေ့မှာ သွားစောင့်ရလို့ အခုလို့မိုးရာသီမှာ ကျန်းမာရေးအတွက်
မကောင်းဘူးလို့ အုန်းဖြန်စခန်းသားတယောက်ကပြောပါတယ်။
ထို့အပြင် အုန်းဖြန်ဒုက္ခသည်စခန်းမှာ ဇုံနှစ်ခုရှိပြီး ဇုံတစ်ခုမှာ ဂိုဒေါင်တခုသာ ထားပေးတဲ့အတွက်
မြေပြန့်မဟုတ်တဲ့ အုန်းဖြန်စခန်းမှာ ဂိုဒေါင်နဲ့ဝေးတဲ့ ဒုက္ခသည်တွေက ရိက္ခာ သယ်ယူတဲ့အခါ
မလွယ်ကူလို့ ဂိုဒေါင်ခွဲတွေ ထားပေးဖို့ ဒုက္ခသည်တွေက TBBC ထံ တောင်းဆိုတယ်လို့
စောဆာသူမွဲကပြောပါတယ်။
တီဘီဘီစီကပေးတဲ့ စခန်းထောက်ပံ့မှုတွေကတော့ ပဲ၊ဆီ၊ဆား၊ငပိ၊ဆန်နဲ့ငရုတ်သီးတို့ ဖြစ်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မှုာရှိတဲ့ဒုက္ခသည်စခန်းကိုးခုကို ထောက်ပံ့ပေးဝေတာဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment