Monday, August 1, 2011

ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ အသင်းများ တစ်အုပ်စုထဲဖြစ်

ကမ္ဘာ့ဖလား လက်ရှိ ချန်ပီယံ စပိန် အသင်းသည် ပြင်သစ် အသင်းနှင့် တစ်အုပ်စုထဲ ကျရောက်
နေပြီး နာမည်ကြီး အင်္ဂလန်တို့ အလားအလာ ကောင်းနိုင်သော၂၀၁၄ ကမ္ဘာ့ဖလား(ဘရာဇီး)
အတွက် ခြေစစ်ပွဲစဉ် မဲခွဲမှု စာရင်းများဘရာဇီး နိုင်ငံတွင် အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမည်
ဖြစ်သော ၂၀၁၄ ကမ္ဘာ့ဖလား ပြိုင်ပွဲ ခြေစစ်ပွဲ အတွက် အုပ်စုပွဲစဉ်များအား (၃၀-၇-၂၀၁၁)တွင်
မဲခွဲမှု ပြုခဲ့ရာ လက်ရှိ စပိန် အသင်းသည် အုပ်စု (I)တွင် ပြင်သစ်၊ ဗီလာရပ်၊ ဂျော်ဂျီရာ၊ ဖင်လန်
တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျှက် ရှိပြီး ခက်ခဲမည့် အုပ်စု အဖြစ် ထွက်ပေါ်လာခဲ့သည်။


လူအများ စိတ်ဝင်စားသော အင်္ဂလန် အသင်းသည် အုပ်စု (H)တွင် မွန်တီနီဂရိုး၊ ယူကရိန်း၊ ပိုလန်၊
မော်ဒိုဗာ၊ ဆန်မာရီနို တို့ဖြင့် တစ်အုပ်စုတည်း ကျနေပြီး အခွင့်အရေး သိပ်မသာသော်လဲ ၅၀
ရာခိုင်နှုံး ခြေစစ်ပွဲ အောင်မြင် နိုင်သည်ဟု သတင်းများက ဆိုကြသည်။

အဆိုပါ ၂၀၁၄ ကမ္ဘာ့ဖလား (ဘရာဇီး) အတွက် ဥရောပဇုန် ခြေစစ်ပွဲစဉ် အုပ်စုများ မဲခွဲမှုတွင်
အုပ်စု (A)တွင် ခရိုအေးရှား၊ ဆားဗီးယား၊ ဘယ်လ်ဂျီယံ၊ စကော့တလန်၊ မာဆယ်ဒိုးနီးယား၊
ဝေးလ် တို့သည် တစ်အုပ်စုတည်း ကျရောက် နေပြီး၊ အုပ်စု (B) တွင် အီတလီ၊ ဒိန်းမတ်၊
ဆတ်ခ်ျ သမ္မတ နိုင်ငံ၊ ဘူဂေးရီးယား ၊အာမေးနီးယား၊ မာတာတို့ တစ်အုပ်စုထဲ ကျရောက်နေပြီး
အီတလီ အသင်း အတွက် အခွင့်အရေး ကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

အုပ်စု (C) တွင် နာမည်ကြီး ဂျာမဏီနှင့် ဆွီဒင်၊ Republic of Ireland (အိုင်ယာလန်)၊
သြစတြီးယား၊ Faroe Islands၊ ကာဇစ္စတန် တို့ တစ်အုပ်စုထဲ ကျနေပြီး ဂျာမဏီအတွက်
ခြေစစ်ပွဲအောင်ရန် အလားအလာ များစွာ ရှိနေခဲ့သော အုပ်စု တစ်ခု ဖြစ်သည်။

အုပ်စု (D)တွင် ဟော်လန်၊ တူရကီ၊ ဟန်ဂေရီ၊ ရိုမေးနီးယား၊ အီစတိုနီးယား၊ အင်ဒိုရာတို့
တစ်အုပ်စုထဲ ကျရောက်နေပြီး ဟော်လန် အသင်း အတွက် အခွင့်အရေး အပြည့်
ရယူနိုင်သွားလိမ့်မည် ဖြစ်သော်လည်း၊ တူရကီ အတွက် မဟာ အခွင့်အရေး တစ်ရပ်လဲ ဖြစ်သည်။

အုပ်စု (E) တွင် နော်ဝေး၊ စလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အယ်ဘေးနီးယား၊ ဆိုက်ပရပ်စ်၊
အိုင်းစလန်း တို့ တစ်အုပ် စုတည်း ကျရောက်ပြီး၊ အုပ်စု (F)တွင် နာမည်ကြီး ပေါ်တူဂီ အသင်းနှင့်
ရုရှား၊ အစ္စရေး၊ နော့သမ် အိုင်းစလန်း၊ Azerbaijan ၊ လူဇင်ဘတ် အသင်းတို့ တစ်အုပ်စုတည်း
ကျရောက်နေသည်။

အုပ်စု (G)တွင် ဂရိ၊ စလိုဗက်ကီးယား၊ Bosnia-Herzegovina (ဘောစနီးယား-ဟာဇီဂိုဗီးနား)၊
လစ်သူးနီးယား၊ Latvia ၊Liechtenstein တို့ တစ်အုပ်စုတည်း ကျရောက်လျှက် ရှိကြောင်း
သိရသည်။

အာရှဇုန်

အာရှဇုန် ခြေစစ်ပွဲများ အဖြစ် အုပ်စု (A)တွင် တရုတ် (PR) နှင့် စင်္ကာပူတို့ တစ်အုပ်စုတည်း
ကျရောက်နေပြီး အဆိုပါ အုပ်စုတွင် တရုတ်၊ စင်္ကာပူ၊ ဂျော်ဒန်၊ အီရတ်တို့ ဖြစ်သည်။ အုပ်စု
(B)တွင် တောင်ကိုးရီးယား အသင်းနှင့် အတူ ကူဝိတ်၊ United Arab Emirates နှင့် လက်ဘနွမ်
အသင်းတို့ တစ်အုပ်စုတည်း ကျရောက်နေသည်။

အုပ်စု (C) တွင် အာရှ အဆင့်အမြင့်ဆုံး ဂျပန် အသင်းနှင့်အတူ မြောက်ကိုးရီးယား အသင်းတို့
တစ်အုပ် စုတည်း ကျရောက်နေသည်။ အဆိုပါ အုပ်စုတွင် ဂျပန်၊ မြောက်ကိုးရီးယား၊ ဆီးရီးယား
(Syria)၊ ဥပါကစ္စတန်တို့ တစ်အုပ်စုတည်း ကျရောက်ပြီး ပွဲကြပ် တစ်ခု ဖြစ်သည်။

အုပ်စု (D) တွင် နာမည်ကြီး သြစတြေးလျှ အသင်းနှင့် အတူ ဆော်ဒီ အာရေးဗီးယျ၊ မြန်မာ
အသင်းအား အနိုင် ရရှိသွားသော အိုမန်။ အရှေ့တောင် အာရှမှ ထိုင်း အသင်းတို့ တစ်အုပ်
စုတည်း ကျရောက်လျှက် ရှိသည်။အုပ်စု (E)တွင် အီရန်၊ ကာတာ၊ဘာရိန်းနှင့် အရှေ့တောင်
အာရှမှ အင်ဒို နီးရှားတို့ တစ်အုပ်စုတည်း ကျရောက် လျှက်ရှိကြောင်း သိ

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ