Sunday, July 10, 2011

ဒုက္ခသည်များကို ထိုင်းအုပ်ချုပ်ရေးမှ စတင်စစ်ဆေး

ထိုင်းနိုင်ငံ တာခ့်ခရိုင်ရှိ မယ်လနဲ့ အုန်းဖြန်ဒုက္ခသည် စခန်းတွေကို ထိုင်းအာဏာပိုင်တွေ
ဝင်ရောက် စစ်ဆေးနေပြီလို့ မယ်လစခန်း ကော်မတီ အတွင်းရေးမှူးတစ်ဦးဖြစ်သူ
စောအယ်ကလယ် ကပြောပါတယ်။

“မနေ့ကစပြီး လူဟောင်းတွေကို အရင် စစ်ဆေး နေတယ်လေ။ ဒုက္ခသည် မိသားစုစာရင်းတွေကို
ကြည့်ပြီး စာရင်းထဲက အတိုင်း လူမပြည့်ရင် အဲ့ဒီ လူဘယ်သွားလဲ၊ ဘာလုပ်လဲ မိသားစုဝင်
တွေကိုမေးပြီး ရေးမှတ် သွားတယ်။”

မယ်လစခန်းမှာတော့ UNHCR (ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး) က
အသိအမှတ်ပြုထားတဲ့ မှတ်ပုံတင် (ယူအဲန်လက်မှတ်) ရှိပြီးသား ဒုက္ခသည်တွေကို
မိသားစုအလိုက် ဓါတ်ပုံ ထပ်ရိုက်ပါတယ်။

အုန်းဖြန်း စခန်းမှာတော့ လက်မှတ် ရှိပြီးသားလူတွေကို ဓါတ်ပုံမရိုက်ဘူးလို့ သိရပါတယ်။

စခန်းထဲမှာနေထိုင်ပြီး ယူအဲန်လက်မှတ် မရရှိသေးတဲ့ လူသစ်တွေ အနေနဲ့ အိမ်ထောင်စုစာရင်း
အစစ်ခံရပြီး ဓါတ်ပုံ အရိုက်ခံရကြောင်း အုန်းဖြန်စခန်းက လူထု အခြေပြုအဖွဲ့ ထောက်ပံ့ပေးရေး
မန်နေဂျာစောဘလယ်စေး ကပြော ပါတယ်။

“မိသားစုမှာ အိမ်ထောင်ဦှးစီးကနေ အငယ်ဆုံး အထိပေါ့နော် နံပါတ်ကဒ်ပြား အစဉ်လိုက်
တစ်ယောက်တစ်ခုစီ ကိုင်ထားပြီး နံပါတ်တွေနဲ့ မိသားစုဓါတ်ပုံရိုက်ပေးတယ်”

ခုလို စစ်ဆေးမှုလုပ်မယ်ဆိုတာကို အာဏာပိုင်တွေက ယခုလ (၇) ရက်နေ့ကတည်းက ကြိုတင်
အသိပေးခဲ့ပြီး မနေ့က စတင်စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး (UNHCR)၊ TBBC (ထိုင်း-မြန်မာနယ်စပ်ကူညီ
စောင့်ရှောက်ရေး ညွှန့်ပေါင်းအသင်း) နဲ့ စခန်းကော်မတီတွေဆီမှာရှိတဲ့ လူဦးရေစာရင်းနဲ့
စခန်းထဲမှာနေထိုင်တဲ့ လူအရေအတွက် ကိုက်ညီမှု ရှိ မရှိကိုသိချင်တာကြောင့် ခုလိုစစ်ဆေး
တာဖြစ်ပါတယ်။

စစ်ဆေးရာမှာ စခန်းထဲမှာ နေထိုင်ခြင်းမရှိတဲ့ ဒုက္ခသည်တွေကို စာရင်းကနေပယ်ဖျက်မယ်လို့
အာဏာပိုင် တွေက သတိပေးထားပေမယ့် အုန်းဖြန်စခန်းမှာတော့ ဇွန်လ ၁ ရက်နေ့အထိ
နောက်ဆုံးထားပြီး စောင့်ဆိုင်း ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

TBBC ရဲ့ ယခုနှစ် မတ်လကုန်ပိုင်း မှတ်တမ်းမှာ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်း ၉ ခုမှာ
လူဦးရေ ၁၄၃,ဝ၉၇ ကျော်ခန့်နေထိုင်ပြီး ဒုက္ခသည်အဖြစ် UNHCR ရဲ့ အသိအမှတ်ပြုခံထားရသူ
၉၃,၃၂၆ ဦး ရှိတယ် လို့ဖော်ပြထားပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ