Sunday, July 10, 2011

သျှမ်း လက်နက်ကိုင် ပူးပေါင်းတာကို KNU ကြိုးဆို

သီးခြား စီရပ်တည်ခဲ့တဲ့ သျှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ မြောက်ပိုင်း တပ်ဖွဲ့တွေ မေလ၂၁ ရက် သျှမ်းပြည် တော်လှန်ရေးနေ့ ၅၃ နှစ် မြောက်နေ့မှာ ပြန်လည် ပူးပေါင်းလိုက်

ကြောင်း သတင်းတွေ ထွက်ပေါ်နေတာကို KNU (ကရင်အမျိုးသား အစည်းအရုံး) က ကြိုဆိုပါ

တယ်လို့ အတွင်းရေးမှူး (၁) စောလှငွေက ပြောပါတယ်။



“သျှမ်းပြည်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လှုပ်ရှားတဲ့ လက်နက်ကိုင်အဖွဲ့နှစ်ခုဟာ စည်းစည်း

လုံးလုံးနဲ့ အမျိုးသား အတွက်ရော တစ်ပြည်နယ်လုံး အတွက်ပါ စည်းလုံးညီးညွတ်ခြင်ရဲ့ပြယုဂ်

တစ်ခုဖြစ်ပြီးတော့ သျှမ်းပြည်သူအတွက် လှုပ်ရှားတဲ့အခါမှာလည်း တစ်သဘောတည်း

တစ်သံတည်းဖြစ်တော့ ပိုကောင်းတာပေါ့”



၂၀၀၉ ခုနှစ်က အပစ်ရပ် လက်နက်ကိုင်တပ်ဖွဲ့များ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းဖို့

စစ်အစိုးရက ဖိအားပေးလာတဲ့အပေါ် SSA မြောက်ပိုင်း (တပ်မဟာ ၁၊ ၃၊ ၇၊) ထဲက တပ်မဟာ

၁ က လက်မခံပါဘူး။ ၂၀၁၀ ခုနှစ် မတ်လမှာ စစ်အစိုးရနဲ့ တိုက်ခိုက်မှု စတင်ခဲ့ပြီးတဲ့နောက်

အခုလို သျှမ်းပြည်တေင်ပိုင်းနဲ့ ပြန်လည် ပူးပေါင်းခြင်း ဖြစ်ပါတယ်။



ဒီလို ပြန်လည်ပူးပေါင်းနိုင်တာကို တိုင်းရင်းသားတွေအနေနဲ့ မြန်မာ့ နိုင်ငံရေးအရ တွေ့ဆုံဆွေး

နွေးတဲ့ အခါဖြစ်စေ စစ်ရေးအရ စုပေါင်းလုပ်ကိုင်ရာမှာ ဖြစ်စေ တစ်စုတစ်စည်းဖြစ်မယ်ဆိုရင်

တိုင်းရင်းသားတွေ အနေနဲ့ သွေးထွက်နည်းပြီး စစ်အာဏာရှင်နစ်ကို လွယ်လွယ်ကူကူနဲ့

ထိထိရောက်ရောက် ဖယ်ရှား နိုင်မှာဖြစ်တယ်လို့ စောလှငွေ က ယုံကြည်ပါတယ်။



“စစ်အစိုးရအနေနဲ့ သူတို့ကို မတိုက်တဲ့လူတွေ နဲ့ နားလည်မှု လုပ်ထားပြီး သူတို့ကို တိုက်တဲ့သူ

တွေကျတော့ အထင်းပိတ်ဆိုတဲ့ စစ်ရေးကစားတာတို့ နိုင်ငံရေးကစားတာတို့ ကို သူတို့မလုပ်နိုင်

တော့ပဲ ဒီအခြေအနေတွေကို ဖြေရှင်းဖို့အတွက် စစ်မှန်တဲ့တိုင်းရင်းသား အင်အားတွေ

စုပြီးဖြေရှင်းနိုင်မှာပေါ့” သူ ပြောပါတယ်။



မူလ သျှမ်းပြည်တပ်မတော်ကို ၁၉၅၈ ခုနှစ် ကတည်းက သျှမ်းပြည်လွတ်မြောက်ရေးအတွက်

မျိုးချစ်လူငယ် တစ်စုနဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ