Tuesday, July 12, 2011

နို့ဖိုးစခန်း ဒုက္ခသည်အသစ်တိုးမြင့်လာ

ထိုင်းနိုင်ငံတာခ်ခရိုင် နို့ဖိုးဒုက္ခသည်စခန်းမှာ ဒီလဆန်းအတွင်း ရောက်ရှိလာတဲ့ ဒုက္ခသည် ရှစ်ဆယ်
နီပါးဟာ စစ်ပွဲများ ဖြစ်မှာကိုဆိုးရိမ်လို့ နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်တာဖြစ်တယ် လို့
စခန်းကော်မတီတွေကပြောပါတယ်။

နယ်စပ်ကျေးရွာများက ဒေသခံတွေဟာ ၄င်းတို့အတွက် လုံခြုံရေးအားနည်းသလို ကျေးရွာဒေသ
တွေမှာ စစ်ပွဲဖြစ်ပွားလာရင် အစိုးရစစ်တပ်တွေက ဒေသခံများကို ရွာထဲကို ပစ်ခတ်တတ်ပြီး
ရွာသားများကို အဓမ္မဆက်ဆံတတ်လို့ နယ်စပ် ဒုက္ခသည်စခန်းမှာတက်လာတာဖြစ်တယ်လို့
ဒေသခံ စောထူထူးကပြောပါတယ်။

"ကျနော်တို့ နေလို့မရဲတော့ဘူးလေ ရွာအနီးအနားမှာ တခုခုဖြစ်လာရင် အစိုးရစစ်တပ်တွေက
ရွာထဲကိုပဲပြန်ပစ်တာ။ လွန်ခဲ့တဲ့ လက အစိုးရစစ်တပ်သားတစ်ယောက်ကရင် လက်နက်ကိုင်
အဖွဲ့တွေက ကိုဖမ်းသွားတာကို သူတို့က ရွာကိုပစ်တာအိမ်သုံးလုံးတောင်ထိသွားတာ"

လွန်ခဲ့တဲ့ လမှာ ကရင်လက်နက်ကိုင်ဖြစ်များက ရွာထဲမှာ အစိုးရစ်တပ်သားတယောက်ဖမ်းသွားလို့
၎င်းတပ်သားကိုပြန်မရရင် ရွာကိုပစ်မယ်ဆိုပြီး ၄င်းတပ်သားမလွတ်ခင် ရွာကိုပစ်တာ အဇင်းရွာက
စောနိုင်မိဘနေအိမ်၊ ဖါးနူးအိမ်နဲ့ ဖါးကလိုးအိမ်တို့ကို ထိမှန်သွားတယ်လို့ ရွားသားကပြောပါတယ်။

ထိုကြောင့် ရွာအနီးအနားမှာ စစ်ပွဲဖြစ်ပွားခဲ့ရင် အစိုးရစစ်တပ်တွေက ရွာထဲကို ပစ်မှာကြောက်လှန့်
လို့ ဒေသခံတွေ က ထိုင်း-မြန်မာနယ်စပ်ကျေးရွာများနဲ့ ဒုက္ခသည်စခန်းတွေမှာ ထွက်ပြေးတိမ်း
ရှောင် တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။

ဒီလဆန်းပိုင်းမှာ တက်လာတဲ့ စစ်ရှောင်ဒုက္ခသည်ရှစ်ဆယ်နီးပါးဟာ စခန်းအထဲက သူတို့အသိနဲ့
ဆွေမျိုးတွေဆီမှာပဲ မှီခိုနေရတာဖြစ်ပါတယ်။

နို့ဖိုးဒုက္ခသည်စခန်းမှာ ဒီနှစ်အတွင်းထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည် နှစ်ထောင်ကျော်မှာ
စခန်းထောင့်ပံ့မှုများမရရှိသေးတဲ့ ဒုက္ခသည်များ သုံးရာကျော်ရှိသေးကြောင်း စခန်းကော်မတီတွေ
ကပြောပါတယ်။

လွန်ခဲ့တဲ့ဇွန်လ ၇ရက်နေ့မှာ အစိုးရစစ်တပ် ၂၈၃ တပ်ရင်းက ကော့ကရိတ်မြို့နယ် ရှိ မယ်တလဲ
ကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ၄င်းရွာမှ အမျိုးသမီး ၂၅နှစ်တစ်ယောက်နဲ့
ကလေး၁၇နှစ်သား တစ်ယောက်ထိမှန်ပြီး ရနှစ်ကလေးတစ်ယောက်တော့သေဆုံးကြောင်း
ကရင်လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ KHRG ထုပ်ပြန်းစာမှာဖော်ပြထားတာဖြစ်ပါတယ်။

No comments:

Post a Comment

ကြော်ငြာချက်များ

ကျနော်တို့ ကျောင်းသားကွန်ယက်အဖွဲ့ကနေ ပန်းချီကားကောင်းတွေကို ဈေးနဲ့အညီ ရောင်းချလျက် ရှိနေပါတယ်။ ပန်းချီကား စိတ်ဝင် စားသော သူများနိုင်ငံတကာမှာပဲ ဖြစ်ဖြစ် ပြည်တွင်းမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသူ အားလုံးအတွက်ရောင်းချပေးနေပါတယ်။ ဒီ ပန်းချီကားတွေက ဒေါ်လာ သို့မဟုတ်ထိုင်း ဘတ်နဲ့လည်းတန်းဖိုးနဲ့အညီရောင်းချလျက်ရှိနေကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဆက်သွယ်ဖို့ ကရင့် ကျောင်းသား ကွန်ယက်အဖွဲ့ ကို ဆက်သွယ်ေ မးမြန်းနိုင်ပါတယ်။ စိတ်ဝင်စား သော သူများကို အကောင်းဆုံးစီစဉ်ပေးမှာ ဖြစ်ပါတယ်။
ကျေးဇူးတင်လျက်

Tag Cloud

KSNG အပတ်စဉ်ဒုက္ခသည်ရေဒီယိုသတင်း

အောက်ပါရေဒီယိုအသံဖိုင်က ကရင်ဘာသာနဲ့အသုံးပြု ထားပါတယ်။ ရက်စွဲ အလိုက် တစ်ပတ်တစ်ပုဒ် တင်သွားမှာဖြစ်ပါတယ်။

ကြာချိန်-ဆယ် မိနစ်

ယနေ့ဧည့်သည်

ဖွင့်ကြည့်ကြိမ်ပေါင်း

ပန်းချီ