ထိုင်းနိုင်ငံ တာခ်ခရိုင် ဖိုးဖာမြို့နယ်အထဲမှာရှိတဲ့ အုန်းဖြန် ဒုက္ခသည်စခန်းမှာကျောင်းသူကျောင်းသား
စိတ်ဝင်စားဖွယ်ဖြစ်တဲ့ ထိုင်းဘာသာကို ဒီနှစ်စာသင်နှစ်မှာ အတန်းသုံးတန်းကိုသာ အကန့်အသတ်ထား သင်ကြားနေတာဖြစ်တယ်လို့ စခန်းပညာရေးတာဝန်ရှိသူ နောစီဆာဇာဖော က ပြောပါတယ်။
အရင်က ထိုင်းဘာသာစကားကို သူငယ်တန်းကနေ ဆယ်တန်းအထိ သင်ကြားပေးခဲ့တာပါ။
အခုတော့ ၇ တန်း ၈ တန်း နဲ့ ၉ တန်းကိုပဲ ထိုင်းဘာသာ ဆက်လက် သင်ကြားပေးမှာ ဖြစ်ပါတယ်
လို့ နောစီဆာဖော က ပြောပါ။ ဒါကတော့ ထောက်ပံ့ပေးတဲ့ အဖွဲ့ဆီက ငွေကြေး လျော့ချတဲ့ အတွက်
ကြောင့် ဖြစ်တယ် လို့လည်း သူကပြောပါတယ်။
“ကန့်သတ်ထားတဲ့အတန်းကလွဲလို့ ထိုင်းစာသင်ကြားချင်ရင် ကျောင်းကပဲ ထိုင်းစာသင်ကြားတဲ့
ဆရာတွေရဲ့လစာတွေ ကျောင်းကပဲစီစဉ်ရမှာဖြစ်တယ် ဒါကြောင့်ကျောင်းတွေကမတတ်နိုင်တော့
ကျန်တဲ့အတန်းတွေက ထိုင်းဘာသာမသင်ရတော့ဘူးပေါ့”
လွန်ခဲတဲ့စာသင်နှစ်တွေမှာ စခန်းပညာရေး အထောင့်ပံ့ပေးတဲ့ ZOA (South East Asia) အဖွဲ့က
ဒုက္ခသည်စခန်းမှာ အတန်း ၃ တန်းကိုပဲ ထိုင်းစာ သင်ကြားပေးမှာဖြစ်တယ်လို့ ပြောထားပေမယ့်
တခြားအတန်း တွေကိုလဲ ထိုင်းစာ သင်ကြားဖို့ ထောင့်ပံ့မှုတွေ ပေးခဲ့ပါတယ်လို့သူမကပြောပါတယ်။
ဒီနှစ် ထိုင်းစာသင်ကြားခွင် မရတဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်ကတော့ သူတို့အတွက် အခွင့်အရေးကောင်း တစ်ခု ပျောက်သွားတယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမှာနေထိုင်လို့ ထိုင်းစာ
မတတ်ရင် ဒုက္ခသည်စခန်းရဲ့အပြင်လောကကို သွားလာဖို့ ထိုင်းလူမျိုးတွေနဲ့ ဆက်ဆံဖို့
အခက်အခဲရှိတဲ့အကြောင်းပြောပါတယ်။
ထိုင်းနိုင်ငံမဲဆောက်မြို့နဲ့ ၇၀ ကီလိုမီတာကျော်အကွာဝေးရှိတဲ့ အုန်းဖြန်ဒုက္ခသည်စခန်းက ကျောင်းတွေမှာ ထိုင်းစားသင်ကြားခွင့်ရတာ ၅ နှစ် ရှိပြီ ဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment