ထိုင်းနိုင်ငံ တာခ်ခရိုင် ဖိုးဖာမြို့နယ်မှာရှိတဲ့အုန်းဖြန် ဒုက္ခသည်စခန်းမှာ ရောက်ရှိလာတဲ့ ဒုက္ခသည် ငါးဆယ်ကျော်လောက်ဟာ ထိုင်းအာဏာပိုင်တွေက ဒုက္ခသည်စာရင်းထဲ စာရင်းသွင်းခွင့်မပြုပဲ စခန်းမှာဧည့် သည်အနေနဲ့ နေရတယ်လို့ စခန်းကော်မတီ စောထူးကလယ်က ပြောပါတယ်။
“ဇွန်လကစပြီး ရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ ထိုင်းအာဏာပိုင် တွေက ဒုက္ခသည်အနေနဲ့ စာရင်းသွင်းဖို့ လက်မခံဘူး။ ဒါပေမယ့် စခန်းထဲမှာတော့ ဧည့်သည်အနေနဲ့ နေထိုင်ခွင့်ပေးထားပါတယ်"
ဇွန်လနောက်ပိုင်းရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ ဒုက္ခသည်နေနဲ့ ထောင့်ပံ့တဲ့ စခန်းထောင့်ပံ့မှုတစ်စုံတခုမှ မရပဲ ဧည့်သည်အနေနဲ့ သုံးရက်တကြိမ် သူတို့နေတဲ့ ရပ်ကွက် အသီသီကရပ်ကွက်မှူးဆီးမှာ ဧည့်စာရင်း သွားတင်ရတယ်လို့ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် နော်တကု ကပြောပါတယ်။
“ဒီမှာရောလာတော့ ကျမဦးလေးဆီမှာပဲကပ်စားနေရတယ် ကျမ ဦးလေးကလည်း လူများဆီက အဆင်ပြေတဲ့သူဆီလိုက်တောင်းစား နေရတာ ကျမက စာရင်းမသွင်းရသေးဘူဆိုတော့ သုံးရက်တစ်ခါ
ဧည့်စာရင်းသွားတင်နေရတာ ဧည့်စာရင်းမတင် ကျမတို့ကို လာဖမ်းမယ်လို့ ပြောတော့ ကျမလည်းကြောက်တာပေါ့”
ဇွန်လနောက်ပိုင်းရောက်ရှိလာတဲ့ ဒုက္ခသည်တွေဟာ အများအာဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုခံရတဲ့ ဒေသခံတွေနဲ့ စစ်မြေပြင်က ထွက်ပြေးလာတဲ့ ဒေသခံတွေ ဖြစ်ပါတယ်လို့ စခန်း ကော်မတီက ပြောပါတယ်။
မေလမှာ တာခ်ခရိုင်က ဒုက္ခသည်စခန်းတွေကို ထိုင်းအာဏာပိုင်တွေ က စခန်းထဲမှာ အမှန်တကယ် နေထိုင်နေတဲ့ ဒုက္ခသည်စာရင်းကို ဝင်ရောက်စစ်ဆေးပြီးတဲ့နောက် စခန်းထဲမှာ လူသစ်တွေ ထပ်မံလက် မခံတော့ ဘူးလို့ ထိုင်းအာဏာပိုင်က အုန်းဖြန်စခန်း ကော်မတီ တွေကို အသိပေးခဲ့ပါတယ်လို့ စခန်းကော်မတီ ကပြောပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment